အိန္ဒိယ အမျိုးသားလှုပ်ရှားမှုမှာ ထင်ရှားခသော ခေါင်းဆောင်များ







အိန္ဒိယသမိုင်းမှာ ဂန္ဒီ နေရူးခေတ်ကို မရောက်ခင် ထင်ရှားခသော ခေါင်းဆောင်တိကို ဖော်ပြပါမေ။

၁။ ရာမ်မိုဟင် ရွိင် (Rammohun Roy)
- ဘန်ဂလီ ပညာသျှင်ပါ။
- ဟိန္ဒူး ပညာလောက ပြန်လည်ရှင်သန်မှု (Hindu Renaissance) မှာ ဦးသျှောင်ပုဂ္ဂိုလ် ဖြစ်ပါရေ။
- ဟိန္ဒူး ဘာသာကို ခရိယန် ဘာသာ နန့် နှိုင်းယှဉ်ပြီးကေ ရှင်းလင်းပြခပါရေ။
- ဟိန္ဒူး ဘာသာကို ပြုပြင်ပြောင်းလဲရေး လုပ်ချင်ခရေ။
- ဗြိတိသျှတိ ဘာ့မှာ အမှုထမ်းရေ၊ အင်ဂလန်မှာ ကွယ်လွန်ပါရေ။

၂။ ရာဘိန်ဒရာန(တ်) တဂိုး (Rabindranath Tagore)
- ဘန်ဂလီ စာဆိုသျှင်ပါ။ ဗမာပြည်က လူတိ များသော အားဖြင့် နာမေ ကြားဖူးကတ်ပါရေ။
-စာပီ နိုဗယ်ဆု ရပါရေ။ အာရှတိုက်က ရှားရှားပါးပါးပါ။
- အာရှစာပေ၊ နိုင်ငံရေး လောက ကို သြဇာသက်ရောက်မှု ဟိခပါရေ။
- သူရီးခရေ ကဗျာနှစ်ပုဒ် သည် အိန္ဒိယ နိုင်ငံ နန့် ဘန်းကလားဒေရှ့်  နှစ်နိုင်ငံ အတွက် အမျိုးသား တေးခြင်း ဖြစ်လာပါရေ။
ကမ္ဘာမှာ နှစ်နိုင်ငံ အတွက် အမျိုးသားတေးခြင်း ရီးပီးရေ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါ။ သူ၏ ကဗျာထဲမှာ ရခိုင်အမျိုးသားနိုင်ငံတော်က ရခိုင်အမျိုးသားများသည် ဘန်ဂလီတိ ကို ဇာပိုင်နှိပ်စက်တေ ဆိုပြီးကေ ရီးသားထားရေ အပိုဒ်တိပါရေ လို့ လူကြီးတိ ပြောစွာကို ကြားဖူးပါရေ။

၃။ ဟန်လန်နာ ဘလပ်ဗစကီး (Helene Blavatsky)
-ရာရှားလူမျိုး အမျိုးသမီးပါ။
-သီအိုဆိုဖီ အသင်းတော် ကို တည်ထောင်ခပြီး ၄င်းအသင်းတော် ကမ္ဘာ အနှံ့ ကို ပျံ့ 
လာသောအခါ အိန္ဒိယ နိုင်ငံ မဒရပ်မြို့ နားမှာ အခြေလာစိုက်တေလို့ ဆိုပါရေ။ အိန္ဒိယ အမျိုးသား ကုန်ဂရပ်စ် ကို တည်ထောင်သူ AO Hume နန့် ရင်းနှီးလာခပါရေ။

၎။ ဟိန်နရီ စတီး အောက(တ်) (Henry Steel Olcott)
- သီအိုဆိုဖီ အသင်းဝင် အမေရကန် ရှေ့ နေတစ်ယောက်ပါ။
- ထေရ၀ါဒ ဗုဒ္ဒဘာသာကို သီရိလင်ကာမှာ ပြန်လည်ထွန်းကားလာအောင် ကြိုးစားခပါရေ။
- အနောက်တိုင်းသားတိထဲ က ပထမဦးဆုံး နန့် ထူးထူးခြားခြား ဗုဒ္ဒဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်လာသူ ဖြစ်ပါရေ။

၅။ အန်နီ ဘီးစန့် (Annie Besant)
- အိုင်ယာလန် အမျိုးသမီး မျိုးချစ်ပုဂ္ဂိုလ် ဖြစ်ပါရေ။ ဆိုရှယ်လစ် တစ်ဦး လည်းဖြစ်တေပိုင် အမျိုးသမီး ၀ါဒီ တစ်ဦးလည်းဖြစ်ပါရေ။
- အိန္ဒိယ နိုင်ငံကို ရောက်လာရေ။ သီအိုဆိုဖီ အသင်းဝင် ဖြစ်လာရေ။
- အိန္ဒိယ အမျိုးသား ကုန်ဂရပ်စ်မှာ ပထမ ဦးဆုံးသော အမျိုးသမီး ဥက္ကဌ ဖြစ်လာပါရေ။

အိန္ဒိယ အမျိုးသားလှုပ်ရှားမှုမှာ ထင်ရှားခသော ခေါင်းဆောင်များထဲက တစ်ရက်ကို ၅ ယောက်ကျစီ ဖော်ပြလားဖို့ ရည်ရွယ်ပါရေ။ နောက်ပိုင်း ဖော်ပြလာဖို့ ဟိရေ လူတိထဲမှာ အရေးကြီးရေ လူတိပါလာပါရေ။ ယင်းလူတိ အကြောင်းကို မပြောခင် ရခိုင်အမျိုးသားများထဲက အထက်မှာ ဖောပြခရေလူတိ နန့် မရှိမနှောင်းမှာ ပေါ်ထွန်းခသော ထူးထူးခြားခြား ပုဂ္ဂိုလ်ကတော့ခါ အားလုံးသိကတ်တေ အတိုင်း ဆရာတော် ဦးဥတ္တမ ဖြစ်ပါရေ။ အသျှင်ဘုရားသည် ရခိုင်နယ်ပယ်ကိုထား၊ ဗမာပြည်နယ်ပယ်ကို ထား၊ အာရှတိုက်ထိ ထိုးဖောက် ကျော်ဇောခသော ရခိုင်သားတိထဲက စံပြတစ်ယောက်ဖြစ်ပါရေ။ ကျနော် ဇာဖြစ်လို့  ဒေအကြောင်းကို ပြောနီရလေဆိုကေ အိန္ဒိယက လူတိ အကြောင်းကို ဖတ်ရင်း နန့် ရခိုင်တိ အမျိုးသားရေး နိုးကြားမှု နောက်မကျဂါ ဆိုရေ အတွေးဝင်လာလို့ ပါ။ ဆရာတော် ဦးဥတ္တမသည် မျိုးချစ်ပုဂ္ဂိုလ် ဆိုစွာထက် Orientalist
လို့ ဆိုကေ ပိုမှန်ပါဖို့ ဟန်။ ပညာရှင်တိ ဆွေးနွေးပီးကတ်ပါ။ ဆရာတော် နောက်ပိုင်းမှာ ဆရာတော်၏ ခြီရာကို ခံဖို့ လူထွက်ကျ မလာလိုက်လို့ များငါရို့  အဆက်ပြတ်ကျန်လိုက်စွာလာ။ အာရှသမိုင်းမှာ အိန္ဒိယ နန့် ခေတ်ပြိုင် အမြင်ပွင့်လင်းလာခစွာ ရခိုင်လို့ ပြောကေ မရလား။ ထိုင်းတိ အများကြီးနောက်ကျပါရေ။ ဘုရင်စနစ်နန့် ရှုပ်နီတုန်းပါ။ ဘုရင် မိန်းကု(တ်) လက်ထက်မှာ မျှောနီတုန်းတိ။ ဘုရင် မိန်းကု(တ်) စာ အသည်းအသန်ဖတ်နီတုန်းသိ။ ချူလာလောင်ကောင် လက်ထက်မှာမှ စကေ တဗွေ ဟုတ်လာလို့ ပြောရဖို့ ။
အိုကေ...နောက်နိ နောက် ၅ ယောက်တင်ပီးပါဦးမေ။

No comments:

Post a Comment

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP