by SHWE GAS MOVEMENT (SMG)

အသားဖြူချင်ရေ ရခိုင်သမ ညီမချေတိသို့….
အဂု နောက်ပိုင်း Cosmetics (အလှပြင်ပစ္စည်း) တိမှာ Mercury လို့ခေါ်ရေ လူ့အသားအရီမှာ ကင်ဆာဖြစ် နိုင်လောက်တေ ဓာတ်တိပါဝင်ရေ အသားဖြူလိမ်ဆီး (Whitening lotion) တိ ကကောင်းခေတ်စားလာစော်နဲ့ပတ်သက်ပြီးကေ ရင်ထဲမှာ ကျိတ်မနိုင် ခဲမရ ဖြစ်လာလို့ ဒေဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါရေ။
မြန်မာနိုင်ငံ (ရခိုင်ပြည် အပါအဝင်) နန့် အာရှပိုင်းဒေသ နိုင်ငံတိမှာ “အသားဖြူမှ တော်ဝင်ရေ ထက်မြက်တေ လှပရေ” ဆိုရေ အယူအဆ ဇာပိုင်ပေါ်ထွန် လာရလေးလို့ ပြန်ကောက်ဖို့ဆိုကေ ဟိုးလွန်ခရေ နှစ်ပေါင်း ရာကျော်က ကိုလိုနီခေတ်ကိုပြန်ပြီးကေ ကြည့်ဖို့လိုပါရေ။
အနောက်နိုင်ငံသားတိ (အထူသဖြင့် ဥရောပသားတိ) စွော် ကိုလိုနီခေတ် တစ်လျှောက်လုံးမှာ အဖြူရောင်အသား ရွှေဝါရောင်ဆံပင် နှာတံချွှန် ရေရုပ်ရီပိုင်ရရှင် တိမှ ထက်မြက်တေ ထူးချွှန်ရေ မြင့်မြတ်တေ ဆိုရေအတွေးအခေါ်ကို အာရှ ၊ အာဖရိက နန့် အမေရိက ရို့မှာ နနောင်း ရိုက်သွင်းပခပနာ လူဖြူတိရဲ့ profile ကိုမြှင့်တင်ရာမှာ ကကောင်းအောင်မြင်ခခတ်တေ။
သမိုင်းနှောင်းပိုင်း ၂၀ရာစုပိုင်းမှာ ကိုလိုနီတီ ချန်ပခရေ လူဖြူ လူမဲ ခွဲခြားရေး လူမျိုရေး ပြသနာတိစွော် စဉ်ဆက်မပြတ် ဖြစ်ခခတ်စွော်ကို တွိရပါရေ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှာ လူမည်းတိစွော် “ကျွန်” အဖြစ်နဲ့ ၁၉၆၀ နှောင်းပိုင်အထိ လူဖြူတိရဲ့ ဖိနှိပ်ခြင်းကို ခံခရကတ်တေ။ အလားတူပင် တောင်အာဖရိက နိုင်ငံမှာလေးသော့ အသားအရောင်ခွဲခြားအုပ်ချုပ်တေ စနစ်ဆိုးစွော် ၁၉၉၆ လောက်ခါမှ အရင်းပြုတ်လားခစွော်ပါရာ။
ဖော်ပြခရေ သမိုင်းဆိုင်ရာ အချက်အလက်တိနန့် ရှေးဦးစွာဖော်ပြခရေ အသားဖြူလိမ်းဆီး တိနန့် ဇာပိုင် ဆက်စပ် ပါလေး လို့တွေးကောင်းတွေးနီကတ်ပါလိမ့်မေ.. ဒေပိုင်ပါ…
ရခိုင့် လူ့အဖွဲ့အစည်းမှာလေးသော့ အသားအရောင် ခွဲခြားရေ လက်ခဏာ တိစွော်ကေ အမေရိကန်နိုင်ငံ ရို့ တောင်အာဖရိကနိုင်ငံရို့လောက်မှာပိုင် မပြင်းထန်တာလေ့သော့ ဟိနီပါရေ။ အသားအရောင်ကို မူတည်ပြီးကေ ခွဲခြားဆက်ဆံစွော်ဟာ ယင်းလူသား ၏ ကိုယ့်ကိုယ်ကို ယုံကြည်မူကို ပျက်ပြားစီပါရေ။ ဒေအကြောင်းနဲ့ပတ်သက်လို့ အကျွန့် ကိုယ်ပိုင် အတွိအကြုံကို ဝီမျှချင်ပါရေ။
အကျွန်အငယ်ခါက ကျောက်ဖြူမြို့မှာ ကြီးပြင်ခစွော်ပါ။ ပင်လယ်နားမှာ နီယေအပြင် အမိဖက်ကအမျိုးက အသားမည်းရေအတွက် အကျွန်လေးသော့ မည်းမည်းချေပါရာ။ အသားကမည်းမည်း ပိန်ကပိန်ပိန် ကလိမ့်မချေ တစ်ယောက်အနေနန့် အကျွန့်ကိုယ်အကျွန် လှပါရေ လို့ ယောင်လို့တောင် မတွေးခရေ အပြင် တခြားသောသူတိက ဖော်ပြခြင်းလေ့ ဘဝမှာ တစ်ခါလေးသော့ မကြားဖူးခပါ။ “အသားဖြူဖြူချေနန့်လှလိုက်တေ” လို့ ဖော်ပြခံရတဲ့ ကလိမ်မချေတိကိုရာ အားကျတဲ့စိတ်နန့်ငေးကြည့်ရုံရာ တတ်နိုင်ခပါရေ။
ကိုယ့်ကိုယ်ကို မယုံကြည်မူ မကြေနပ်မူ တိနန့် အကျွန့် မျက်နှာဟာ ရူံ့သထက်ရူံ့ပြီးကေ ရုပ်ဆိုးပြီးရင်းရုပ်ဆိုး ပြီးကေ ငယ်ဘဝတစ်လျှောက် ရုပ်ဆိုးမချေ နာမည်ရာ တွင်ခရပါရေ။
အင်္ဂလိပ်စာမှာ အမြဲတမ်းထူချွန်ခရေ အကျွန်စွော် ယင်းအင်္ဂလိပ်စာကိုပင် အရင်းပြု စာသင်ရင်းနန့် ဘဝကိုရပ်တည်နိုင်ခပနာ ကံကောင်းစွာနန့် နိုင်ငံ တကာနန့် ရင်ဘောင်တန်းပြီးကေ ရပ်တည်နိုင်တဲ့ အတွိအကြုံတိ ရလာပြီးကေ ပညာအရည်အချင်းတိ ပိုတိုးများလာခါ ကိုယ့်ကိုယ်ကို ယုံကြည်မူတိ ရပါလတ်ပြီးကေ တီထွင်ကြံဆဥာဏ်တိ တိုးပွားလာခါ မျက်နှာမှာ အပြုံပန်း ဆင်ရကောင်မှန်းသိပါလတ်တေ။
အခုအချိန်ခါမှာ အကျွန်အငယ်ခါက အကျွန့် အသားအရေနန့် ရုပ်ရီ ကို ကြည့်ပနာ ခါးခါးသီးသီး ဆက်ဆံခရေ လူတိကို အကျွန့်ပညာနန့် ပြုံးပြီးကေ လှပနီတဲ့ အကျွန့်မျက်နှာကို မြင်ချင်စီပါရေ။
ရခိုင်သမ ညီမချေတိ… အသားညိုလို့ အသားမည်းလို့ ကိုယ့်ကိုယ်ကို မကျေမနပ် မယုံမရဲ ဖြစ်နီကတ်လား…. အကျွန် အကြံကောင်းတစ်ခု ပီးပါရစီ။ နိစဉ်နိတိုင်း အိပ်ရာကနိုးတိုင်း ကိုယ့်ကိုယ်ကို မှန်မှာကြည့်ပြီးကေ ပြုံးပြ ပြီးကေ “ငါကောင်းလှပါရေကော” လို့ စိတ်ကပြောပါ။
လူတစ်ယောက်၏ အလှအပစွော် အသားအရီနန့် ရုပ်ရီမှာ မူတည်စွော်မဟုတ်.. အရေးကြီးစွော်က ဥာဏ်ပညာ၊ အတွိအကြုံ နန့် ကိုယ့်ကိုယ်ကို ယုံကြည်မူ ဖြစ်ပါရေ.. အသားဖြူမှစိတ်ဖြူစွော်မဟုတ်ပါ.. စိတ်ဖြူကေ အသားမဖြူတာလေးသော့ ဖြူစင်ရေ အသားအရီ ပိုင်ရှင် ဖြစ်လာဖို့စွော် ဧကန်မလွဲပါရာ….
မမပြုံးသူ
မြို့စစ်တွေကပုံပြင်
လွင့်မျှောရေ
ယင်းတနေရာမှာ
ကြားဖူးကတ်လာ
မြို့စစ်တွေလတ်......
ယင်းမြို့မှာ...
တချိန်က
မြူနှင်းဖြတ်လျှောက်တေ
အနီရောင်အကျီဝတ်
ကောင်မချေတယောက်ရှိရေ..........
ကျောင်းတတ်လမ်းကို ဖြတ်ဘျာလ်
ဆယ်နာရီ သုံးဆယ်အမှီ
အစိမ်းရောင်စကပ်နဲ့
အပြီးနှင်တတ်တေ.........
အတိတ်ကင်းရေ ရယ်သံချိုတိနဲ့
အပြစ်ကင်းရေ
သူငယ်ချင်းငါးယောက်
မိုးများရေ ယင်းအရပ်မှာ
မနိုငိထီးတလက်စီနဲ့
ီရီလျှံလမ်းမှာ
ရီစိုအပျော်မြူးလို့........
ကျောင်းပိတ်ရက်
စနီ တနင်္ဂနွိ တိုင်း
အကြောင်းပြ ပါဒကာသီးသုတ်ဘျာလ်
အတောမသပ်နိုင်ရေ
အခြင်းတိပြောခကတ်ယင့်......
ယင်းမြို့မှာလေ
ကမ်းခြေခေါ်ရေ
ပွိုင့်....
တနေရာလဲရှိရေ..
လီတသုတ်သုတ်နဲ့
လျှောက်ခရေ သူရို့ခြေရာတိ
အေတနိန့်တော့ ရှိလောက်ဖို့မထင်ဘျာလ်
လွမ်းလောက်တေ ယင်းမြို့ကို
အ၀ီးရောက်လေယာဉ်က ကြည့်ဘျာလ်
ရင်ထဲမျက်ရည်
ငါမရှက်တမ်းစိုခဖူးရေ...
အိုး...အရှင်...
တိုင်တည်ပါယင့် ဆုတခုပီးကေ
အနီးမရှိမြို့ မ၀ီးမရောက်ဖို့.........။
သဇင်ဖြူ
ရခိုင် အတွေးအခေါ် ဘလော့ နန့် ပတ်သက်လို့ တစ်ချို့ က ကုလားတိများ လာပြီးကေ ရီးနီကတ်လာလို့  ထင်မှတ်မှားနီရေလို့ ကြားရပါရေ။ မဟုတ်ပါ။ ဒေဘလော့ သည် တစ်ဦးတစ်ယောက်တည်း ရီးရေ ဘလော့လည်း မဟုတ်ပါ။ လူအများ ၀င်ရောက်ကာ တည်ထောင်ထားစွာပါ။ သေချာစွာကတော့ခါ အားလုံးသူသည် ရခိုင်လူမျိုး ဗုဒ္ဒဘာသာ စ စစ်တိ ဖြစ်ကတ်ပါရေ။ သူရို့ တွေးခေါ်ပုံ စာရီးသာပုံတိမှာလည်း ရိုးရာ အစိုင်အလာ ကို ဖောက်ထွက်ပနာ တွေးတတ် ရေပိုင်၊ ရိုးရာအနှစ်သာရ တစ်ချို့ ကိုလည်း မပစ်ပယ် သင့်သဖြင့် ကိုင်စွဲလားကတ်စွာကို စာဖတ်သူတိ မြင်ရရေ အတိုင်းပါရာ။ တချို့ အတွေးပိုင်းဆိုင်ရာနန့် ပတ်သတ်လို့  အစာမကြေနိုင်စွာတိ ဟိမ့်ခကေလေ့ ကမန့် ပီးပါ။ စီဘော့ (စ်) မှာရီးပါ။
ကျနော်ကိုယ်တိုင်ကတော့ခါ ဒေရက်ပိုင်းအတွင်းမှာ အလုပ်များနီလို့ ပို့ အသစ် မတင်ဖြစ်ပါသိမ့်။ ယေဒါလေ့သော့ စုစည်းထားရေ စာတမ်းတိ အင်တန်ဟိမ့်နီပါရေ။ အလုပ်ကျီခါ ရခိုင်ဘာသာသို့ ပြန်ဗနာ တင်ပီးလိုက်ပါမေ။ စောင့်စားဖတ်ရှုရေ အတွက်နန့်  ကျေးဇူးကမ္ဘာလောက်တင်ပါရေ။
မောင်စိုင်းစား
ရခိုင်အမျိုးသားတို့၏ ရိုးရာ လက်ထပ်မင်္ဂလာပွဲဓလေ့ထုံးစမ်း
သားသမီးများ အချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့် မိဘများက ရွေးချယ်ပေးသောအလေ့ သည်ရခိုင်လူမျိုးတို့တွင် ယခုခေတ်ချိန်ထိတိုင်ရှိလေသည်။ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သော ရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် ဗမာတို့နှင့်မတူခြားသော ဓလေ့ထုံးစံများဖြစ်တယ်ဆိုတာ…



ရခိုင်ရိုးရာ သမက်တက်
ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူတစ်မူထူးခြားပါသည်။သတို့သမီးနှင့်သတို့သား
လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကိုရခိုင်တွင် သမက်တက်ပွဲဟုခေါ်ပါသည်။ယောက္ခမအိမ်သို့သမက်ကိုတင်ပို့ရသောကြောင့်
လည်းကောင်း၊လက်ထပ်ရန်သွားရသောကြောင့်လည်းကောင်း သမက်တက်အွဟြဟုခေါ်ရခြင်းဖြစ်၏။သံတွဲ၊ကျောက်ဖြူ ၊မာန်အောင် နှင့်အခြားသော ဒေသတို့တွင် အနည်းငယ်ကွဲလွဲချက်များရှိကြပါသည်။
သမီးတောင်းခြင်း
ပထမယောက်ျားလေးဘက်မှမိန်းမပျိုကိုကြိုက်လျှင်အရပ်မှအမျိုးသမီးကြီးမှတစ်ဆင့်
ပြောကြားပြီးရက်တည့်မတည့်ဇာတာများယှဉ်ပြီးစစ်ဆေးကြရသည်။ထို့နောက်ကောင်း
သောရက်ကိုရွေးချယ်ပြီးစေ့စပ်ကြောင်းလမ်းခြင်းပြုလုပ်ကြသည်။
စေ့စပ်ကြောင်းလမ်းခြင်း မင်္ဂလာ (အသွင်းနှင်းခြင်း၊ပန်းဆင်ခြင်း)
စေ့စပ်ကြောင်းလမ်းမင်္ဂလာပွဲကိုသတိုးသမီး(သမီးရှင်)အိမ်တွင်ပြုလုပ်သည်။ရှေးဦးစွာသမီးရှင်ထိုင်
ရန်နေရာ၏လက်ဝဲလက်ယာဘက်တွင်အမျိုးသမီးအိမ်ထောင်သည်နှစ်ဦးထိုင်နေရပါသည်။ဆွေမျိုးများ
နှင့်ဖိတ်ကြားထားသောဧည့်သည်များကယင်းတို့၏ရှေ့တွင်နေရာယူထိုင်ကြရပါသည်။ထိုအချိန်တွင် သမီးရှင်ထွက်မလာရသေးပါ။သတ်မှတ်ထားသောမင်္ဂလာအချိန်ကျရောက်သောအခါ သတိုးသား(သမက်ရှင်)ဘက်မှဆွေမျိုးပရိတ်သတ်များလာရောက်ကြသည်။လာရောက်ကြသောအခါ သမီးရှင်ကိုဆင်မြန်းပေးရန်ပန်းများနှင့်စားစရာမုန့်အချိုများ၊ကောက်ညှင်းပေါင်းများကိုငွေဖလားထဲ
တွင်ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ယူလာကြရသည်။မုန့်အချိုမှာနို့မလိုင်မုန့်၊ဆံခွေမုန့်တို့ဖြစ်
သည်။ငွေဖလားအရေအတွက်မှာလည်း မဂဏန်းအရေတွက်တိုင်းကြိုက်သလိုအသုံးပြုနိုင်သည်။
သမီးရှင်သည်အမျိုးသမီးအရံတစ်ဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနေရာတွင်ထိုင်ရပါသည်။
ပန်းများ၊မုန့်များနှင့်အတူ သမက်ရှင်မိဘများထံမသမီးရှင်အားစေ့စပ်ကြောင်းလမ်းခြင်း
(ရခိုင်အခ်ါကတိသစ္စာပြုခြင်းအထိမ်းအမှတ်)အဖြစ် သားရှင်ဘက်မှအမေ (သို့) အစ်မကမိန်းကလေးကိုကန်တော့ကြီးဆံထုံး(ဘီးဆံထုံး)တွင်ပန်းဆင်ပေးရသည်။
ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပေးပြီး အသွင်နှင်းခြင်း ဆောင်ရွက်ရသည်။ထိုရတနာဆင်မြန်းခြင်း၊သမီးရှင်ကိုပန်းပန်ပေးခြင်းများကို
ဝတ်ဆင်ပေးသူကိုသမီးရှင်ကအရိုအသေပြု ကန်တော့ပြီးလျှင် စေ့စပ်မင်္ဂလာအောင်မြင်ပါတော့သည်။
မင်္ဂလာလက်ထပ်မည့်နေ့ရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးပြီးသတ်မှတ်ကြပါသည်။ဆွေမျိုးပရိသတ်တို့ကိုမင်္ဂလာရက်ကြေညာပေးသည်။
ထို့နောက်ကြွရောက်လာသောနှစ်ဦးနှစ်ဘက်ဆွေမျိုးပရိသတ်တို့ကိုဧည့်ခံကျွေးမွေးရသည်။
စေ့စပ်ပွဲပြီး၍ သမက်ရှင် ဘက်မှပြန်ကျသောအခါ သမက်ရှင် ဘက်မှယူလာသောငွေဖလားထဲမှ
မုန့်အချိုများကို သမီးရှင် ဘက်မှလက်ခံယူပြီးနောက်ယင်းဖလားထဲသို့ သမီးရှင် ဘက်မှလည်း
မုန့်များကိုပြန်လည်ထည့်ပေးရပါသည်။



လက်ထပ်မင်္ဂလာပွဲ
လက်ထပ်မင်္ဂလာပွဲတွက်မင်္ဂလာပွဲတင်ကိုတစ်ရက်ကြိုတင်လုပ်ရသည်။မင်္ဂလာပွဲတင်သည်လက်ထပ်မင်္ဂလာပွဲတွက်ရှေးဦးစွာဆောင်ရွက်ရသောလုပ်ငန်းဖြစ်ပါသည်။ယင်းပွဲကို သမီးရှင် အိမ်၌သာပြုလုပ်ရပါသည်။ မင်္ဂလာပွဲနေ့ရောက်သောအခါ ယင်းနေ့န်အရုဏ်ချိန်တွင် သမီးရှင် သမက်ရှင်တို့အားမိမိတို့အိမ်များမှာ ပင်မတ်စွာဘုရားအားဦးထိပ်ထား၍
ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီးမင်္ဂလာပရိတ်နာရပါသည်။ဘိုးဘွားလူကြီးမိဘတို့ကိုကန်တော့၊
မင်္ဂလာစကားကျွမ်းကျင်သူများက နံ့သာရည်တို့ဖြင့်ပတ်ဖျန်းခြင်းတို့ပြုလုပ်ကာ မင်္ဂလာမြှောက်ကြသည်။ပရိတ်နာရာတွင် ပရိတ်ကြီးမှာလက်ထက်ပွဲအတွက် အဓိကအရေးကြီးဆုံးအချက်ဖြစ်သည်။ရှေးဦးစွာ မင်္ဂလာစားပွဲငယ်ကိုပြင်ဆင်ရပါသည်။ယင်းစားပွဲတွင်ပါ
ဝင်ရမည့် အချက်များမှာ-
မင်္ဂလာမြှောက်ခြင်း
မင်္ဂလာထမင်းပွဲပြင်ဆင်ခြင်း
- သီးသန့်ပြုလုပ်ထားသောမင်္ဂလာစားပွဲကိုစားပွဲခင်းခင်း၍အပေါ်တွင်စပါးခင်းထားသည်။
- ဖြန့်ကြဲထားသောစပါးပေါ်တွင်ဘဲဥပုံမင်္ဂလာကြွေလင်ပန်းကြီးတွင်ကောက်ညှင်းနှင့်ထမင်းများ
ထည့်၍ တင်ထားရမည်။
- ယင်းထမင်းပေါ်တွင် ချက်ပြီးသာ်းခြေလက်အမွေးစုံသောပုစွန်တုပ်ကြီးနှစ်ကောင်၊အမွေးစုံအကြေးခွံပါသော ငါးကန်သားနှစ်ကောင် ၊ဘဲဥနှစ်လုံး ၊မျောက်ဥ ခေါ် ကန်စွန်းဥနှစ်ဥ နှင့်အခွံခွာပြီးသော ရခိုင်ငှက်ပျောသီးနှစ်လုံး တို့ဖြင့်ပြင်ဆင်ထားရသည်။ငါး၊ပုစွန်၊ဥ၊သီးနှံစပါးပေါကြွယ်စေရန်အတိတ်နမိတ်ယူထားခြင်းဖြစ်ပါသည်။
စပါးများထဲတွင်ရွှေဒင်္ဂါး၊ငွေဒင်္ဂါးများမြှပ်နှံထားကြသည်။ရွှေငွေပွားများအောင်
ရည်၇ွယ်ခြင်းဖြစ်ပါသည်။
-သမီးရှင်ထိုင်သောနေရာလက်ယာဘက်တွင်ရေစင်အိုးဟုခေါ်သောကြေးအိုးငယ်နှစ်လုံးတင်ထားရပါသည်။ကြေးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ချည်ဖြင့်ပတ်ပေးထားရသည်။
- ကြေးအိုး၌ရေထည့်ထားပြီး မြေဇာရွက်၊သပြေပန်း၊အချိန်ခါကောင်း သတ်မှတ်သောစာရွက်(အခါစာ)တို့ကိုထိုးရပါမည်။
- ထမင်းပန်းကန်၏လက်ဝဲဘက်တွင် ဟင်းပန်းကန် ၅လုံးတင်ပြီးယင်းပန်းကန်အသီးသီးတွင်ကြက်တစ်ကောင်လုံးအူအသည်းစုံစွာ ငရုတ်သီးမပါဝင်ဘဲချက်ထည့်ရပါမည်။ပုစွန်ထုပ်ကိုအကောင်မပျက်လှော်ထည့်ရပါမည်။
- ရွှေဖရုံသီးချက်ထည့်ရပါမည်။ကျန်ပန်းကန်နှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲထည့်ရပါမည်။
(ကြက် နှစ်ပန်းကန်၊ပုစွန်နှစ်ပန်းကန်၊ရွှေဖရုံသီးတစ်ပန်းကန်ဖြစ်သည်။)
မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြေးရှိသောငါး)၊ကြက်သား၊ဘဲဥ၊ပုစွန်၊
မြောက်ဥ (ကန်စွန်းဥ)၊ချဉ်ပေါင်ဟင်းများထည့်ထားသည့်ဟင်းပန်းကန်ကတစ်ဖက်ထားရှိပါသည်။ပုစွန်ဆိုလျှင် နှုတ်ခမ်းမွှေးပင်မပြတ်စေရ။အကျိုးအပဲ့အနာအဆာများမပါစေရန် အထူးဂရုပြုရ၏။
ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နေရာတွင်ထားရှိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ကြသည်။
(အညွှန့်ရှိသော်အမျိုးသမီးက သမက်ရှင်အိမ်မှဆန်နို့ဆီဗူး နှစ်ဗူး၊လေးဗူး၊ခြောက်ဘူး စသဖြင့် စုံဂဏန်းကို သမီးရှင်အိမ်သို့သွားပို့ သမီးရှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့် ရှိသော်အမျိုးသမီးကသာ မင်္ဂလာလက်ဆုံထမင်းပွဲအတွက်ချက်ရသည်။အညွှန့်ရှိသော်အမျိုးသမီးဆိုသည်မှာလူပျိုအပျိုလက်ထပ်ကြပြီး ယခုတိုင်မောင်နှံစုံအတူတကွနေထိုင်၍သားသမီးတစ်ဦးတစ်လေမှပျက်စီးခြင်းမရှိသော
အိမ်ထောင်ရှင်မကိုဆိုလိုသည်။)

အထက်ပါ မင်္ဂလာပွဲပြင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမီပြင်ဆင်ထားရပါသည်။ဘုန်းကြီးကြွလာပြီးပရိတ်နာသည့်အခါမင်္ဂလာစားပွဲမှာဘုန်းကြီးများ ရှေ့တွင်တည်ရှိနေရပါမည်။ယင်းမင်္ဂလာစားပွဲရှေ့တွင်သမီးရှင်က အမျိုးသမီးနှစ်ဦးလက်
ဝဲလက်ယာရံ၍ထိုင်ရပါမည်။ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးရှင်မွေးရက်နှင့်နေ့နံသင့်တော်သူများသာဖြစ်ရပါမည်။ရှေးဦးစွာသီလခံယူပြီးလျှင်
ပရိတ်ကြိုးဖြင့်စည်းဝိုင်းချရပါသည်။
သမီးစောင့်ခြင်း
သမက်တက်သည့်နေ့နံနက်ကိုးနာရီခန့်တွင်သမီးရှင်နှင့်ရင်းနှီးသောမိတ်ဆွေမိန်းကလေးများဆွေမျိုးများကိုထမင်းကျွေးမွေးကြသည်။သမီးရှင်မှာ
အလှပဆုံးဝတ်စားခြယ်လှယ်ကာ နေ့သင့်နံသင့်အပျိုရံနှစ်ယောက်လက်ဝဲလက်ယာရံလျက် မင်္ဂလာဆောင်မည့်နေရာ တွင် ထိုင်၍ဧည့်ခံရသည်။
သမက်တက်ခြင်း
သမက်ရှင်ဘက်မှ သမီးရှင်ဘက်သို့သွားကြသောအခါ သမက်ရှင်အဖေ၊အဘိုးဆွေမျိုးများ အမျိုးသားကြီးများကရှေ့မှဦးဆောင်လာကြပြီးအမေ၊အဘွားအမျိုးသမီးကြီးများကနောက်
လိုက်ကြရသည်။ထို့နောက်အုပ်ထမ်းသူအညွန့်အမျိုးသမီးများကတစ်ယောက်ချင်းတန်းစီ၍လျှောက်လာ
ကြရသည်။အုပ်ထမ်းသူများမှာမိန်းမချောမိန်းမလှလေးများဖြစ်ကြသည်။ရှေ့ဆုံးမှအညွန့်ပန်းအုပ်ကိုသမက်ရှင်၏အစ်မ၊သို့မဟုတ်ဆွေမျိုးရင်းချာထဲကထမ်းရသည်။နောက်အုပ်များတွင်မုန့်အမျိုးမျိုး၊ငှက်ပျောသီးများထည့်ကာထမ်းလာကြ
သည်။အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ်ပုဝါပိုင်းများကိုအုပ်များတွင်ချည်နှောင်ထားရှိကြသည်။အုပ်များကိုသမက်ရှင်တက်နိုင်သည့်အလျောက်၇အုပ်၉အုပ်ထားရှိကြသည်။အုပ်ထမ်းသူများ၏နောက်နားတွင် သမက်ရှင်အဖွဲ့ပါလာကြသည်။သမက်ရှင်၏ဦးသျှောင်နှင့်ရေစင်အိုးကိုရှေ့ကသယ်ယူလာကြပြီးသမက်ရှင်မှာခေါင်းပေါင်း၊တောင်ရှည်ပုဆိုး၊လည်တောင်အင်္ကျီ၊ရင်ဖုံးတိုက်ပုံကိုဝတ်ဆင်ကာဓားရှည်လွယ်သူ၊ယပ်ရှည်ကိုင်ဆောင်သူများခြံရံလျက်
လိုက်ပါလာပါသည်။၎င်းတို့၏နောက်တွင်သမက်ရှင်၏အပေါင်းအဖော်များမှာ သေတ္တာနှင့်အိပ်ရာလိပ်တို့ကိုသယ်ဆောင်လာပြီး ဗုံ၊လင်ကွင်း၊ပုလွေ တီးမှုတ်သူများနှင့်တပျော်တပါးလိုက်ပါလာကြပါသည်။သမီးရှင်အိမ်ရောက်သည့်အခါ သမီးရှင်မိဘဆွေမျိုးများကဆီးကြို၍ ဧည့်ခံရင်းနေရာထိုင်ခင်းများပေးကြသည်။ရှေးဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပေးရန်သမီးရှင်နားနေရာယူရသည်။ကျန်အုပ်များကိုသမီးရှင်အိမ်မှလက်ခံယူ၍နေရာချထားကြသည်။သမက်ရှင်ဘက်မှသယ်ဆောင်လာသောမင်္ဂလာရေစင်အိုးကိုလည်းမင်္ဂလာစားပွဲ
ပေါ်တွင်သမီးရှင်၏ရေစင်အိုးနှင့်အတူထားရှိရသည်။အညွန့်အုပ်ထမ်းလာသူက သမက်ရှင်၏အစ်မဆွေမျိုးများက သမီးရှင်ကိုပန်းဆင်ပေးရသည်။အညွန့်အုပ်တွင်ရာသီအလိုက
်ပန်းများပါလာကြသည်။ဥပမာ-
နှင်းပန်း နှင်းကဲ့သို့အေးစေရန်
နှင်းဆီပန်း နှင်း၏အဆီအနှစ်ကဲ့သို့အေးချမ်းစေရန်
သဇင်ပန်း သန့်စင်ရန်
အချစ်တစ်ရာပန်း အချစ်တစ်ရာတိုင်ကြစေရန်
(အ၀ါရောင်ကုလားမင်္ဂလာပန်း)
စံပန်းကုံး စံရရန်
ပန်းများပန်းကုံးများကိုတစ်စုံစီအညွန့်အုပ်တွင်ထည့်လာရသည်။ပန်းဆင်ပေးသူက ပန်းများကို တစ်စုံစီငါးစုံ ဆင်မြန်းပေးရသည်။ဆံထုံးထဲတွင်လဲပန်းကုံးများထည့်၍ပန်းပေးရသည်။ထို့နောက်သမီးရှင်ကိုဦးသျှောင်ဆောင်းပေးပြီးမျက်နှာကိုဖုံးအုပ်ထားရသည်။သမီးရှင်ကိုပန်းဆင်ပြီးနောက်သမက်ရှင်ကိုအိမ်ထဲသို့ဝင်စေသည်။အ၀င်တွင်သမီးရှင်၏ ညီမအပျိုကခြေဆေး၍ငွေတောင်းခံသည်။လူပျိုရံများကဈေးဆစ်ကြခြင်းဖြင့်အချေအတင်ပြောဆိုကြသည်။လူပျိုရံ၊အပျိုရံများတစေ့တစောင်းပြောဆိုကြသဖြင့်ပျော်စရာကောင်းသောအချိန်
ဖြစ်ပေသည်။အိမ်ပေါ်ေ၇ာက်သောအခါသမက်ရှင်ကိုရေတစ်ခွက်တိုက်ရသည်။
ထို့နောက် သမက်ရှင်ကိုသမီးရှင်၏ညဘက်တွင်နေရာယူစေပြီးဦးသျှောင်ဆောင်းပေးရသည်။ထိမ်းများပေးသူများက မင်္ဂလာစားပွဲပေါ်ရှိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ရေစင်အိုးများကိုလည်းကောင်း၇ပတ်၊ ၉ပတ်ပတ်ထားသော
ပရိတ်ချည်မျှင်ကွင်းများဖြင့်တစ်မျိုးတစ်စုံစီကျစီရစ်ပတ်ပေးရသည်။ထို့နောက်မောင်နှံအစုံ
အပါအ၀င်၊မင်္ဂလာစားပွဲ၊အိပ်ရာလိပ်၊သေတ္တာများ အားလုံးကိုပရိတ်ချည်မျှင်ဖြင့်ရစ်ပတ်ပေးရသည်။ထို့နောက်သမတ်ရှင်၏ညာလက်နှင့်သမီး
ရှင်၏ညာလက်ကိုပေါင်း၍ချည်မျှင်များဖြင့်ရစ်ပတ်ပေးရသည်။လက်ထပ်ပေးသည့်အမျိုးသမီးကြီးများကမောင်နှံစုံကိုအောင်သပြေခက်ဖြင့်ရေစင်အိုးနှစ်စုံမှပေါင်းစပ်ထားသောရေစင်များပက်ဖျန်းကာဆုတောင်းမေတ္တာပို့ပေးကြသည်။ဆက်လက်၍သမတ်ရှင်နှင့်သမီးရှင်လက်များကိုပေါင်းပြီးရေစင်များသွန်းလောင်းကြပါသည်။သမီးရှင်လက်ကိုအောက်တွင်ထားပြီးသမက်ရှင်လက်ကိုအပေါ်မှထားကြ
သည်။အချို့မှာသမက်ရှင်လက်ကိုအောက်ကလှန်ထားပြီး
သမီးရှင်လက်ကိုအပေါ်ကမှောက်ထားသည်။အဓိပါယ်မှာသမက်ရှင်ကသမီးရှင်ကိုညာလက်
ဖြင့်တောင်းခြင်းကိုသမီးရှင်ကညာလက်ဖြင့်လက်ခံခြင်း၊သမက်ရှင်ကသမီးရှင်ကိုတစ်သက်
လုံးစောင့် ရှောက်ထောက်ပံတာဝန်ယူသွားမည်ဟူသောသဘောကိုဆောင်ပါသည်။
မိဘများကို ကန်တော့ခြင်း
သမီးရှင်ရှေ့တွင်သမက်ရှင်ဖခင်၊သမက်ရှင်ရှေ့တွင်သမီးရှင်ဖခင်တို့ကနေရာယူရပါသည်။
သမီးရှင်သမက်ရှင်တို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်းထည့်ပေးခြင်း၊မိခင်များအားလည်းထမင်းထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်းထည့်ပေးခြင်းသည်မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။
လက်ဆုံစားခြင်း
မိဘများကိုကန်တော့ပြီးနောက်မောင်နှံစုံကမင်္ဂလာထမင်းကိုခုနှစ်ဆုပ်စီလက်ဆုံစားကြသည်။စားသောက်ပြီးငွေဖလားတွင်အတူ
လက်ဆေးကြရသည်။
လက်ဖွဲ့ခြင်း
ထမင်း လက်ဆုံစားပြီးနောက်မိဘဆွေမျိုးမိတ်ဆွေများက သမီးရှင်သမက်ရှင်ရှေ့ရှိငွေဖလားနှစ်ခုထဲသို့လက်ဖွဲ့ငွေများထည့်ကြပါသည်။လက်ဖွဲ့ခံပြီး
သောဖလားကိုသမက်ရှင်က သမီးရှင်ကိုအပ်ရပ်သည်။သမီးရှင်ကကန်တော့၍လက်ခံယူရပါသည်။

သျှောင်ချသျှောင်တင်
သမက်ရှင်ကမိမိဦးသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထား
ပြီးလျှင်သမီးသျှင်၏ဦးသျှောင်ကိုချွတ်ယူကာမိမိ၏ဦးသျှောင်ကိုဆောင်းပေးရသည်။
သျှောင်တင်သျှောင်ချပြုလုပ်စဉ်သမီးရှင်ကသမက်ရှင်ကိုရှိခိုးနေရပါသည်။
သျှောင်တင်သျှောင်ခအဖြစ်သမက်ရှင်ကသမီးရှင်ကိုငွေလက်ဖွဲ့သဖြင့်သမီးရှင်ကန်တော့ပြီးလက်ခံရယူရသည်။
မ၈င်္လာအခမ်းအနားပွဲအပြီးတွင်ထွက်ခွာခွင့်ရရန်သမက်ရှင်က သမီးရှင်ဘက်မှအပျိုရံလူပျိုရံတို့က ရွှေကြိုတား၍ကြိုးတားခပေးရသည်။နောက်ဆုံးခန်းဝင်ခပေးဆောင်ရသည်။
အိမ်ပြန်လည်ခြင်း
သမက်တက်ပြီး၇ရက်နေ့တွင်သမီးရှင်သမက်ရှင်တို့သည်သမက်ရှင်၏မိဘအိမ်သို့နံနက်မှစ၍လည်ကြရသည်။သမက်ရှင်၏မိဘ၊ဘိုးဘွားများကိုသမီးရှင်သမက်ရှင်တို့ကကန်တော့ရသည်။ညနေစာစား
ပြီးမှပြန်ကြသည်။သည်လိုနှင့်ပင်ကြင်စဦးဇနီးမောင်နှံတို့သည်အိုးအိမ်တည်ဆောက်ကာတလင်တမယားစနစ်ဖြင့်နေထိုင်ကြတော့သည်။
ရခိုင်လူမျိုးတို့သည်မင်္ဂလာပွဲကိုဝါတွင်းနှင့်ပြာသိုလများတွင်ရှောင်လေ့ရှိပြီးတပေါင်း၊တန်ခူးလများတွင်အများဆုံးကျင်းပပြုလုပ်ကြသည်။ ပြာသိုလတွင်မင်္ဂလာဆောင်ကအိမ်ထောင်စီးပွားရေးမဖြစ်ဘဲမွဲပြာကျတတ်သည်ဟုယူဆကြ
သည်။ရခိုင် ဓလေ့ထုံးတမ်းစဉ်လာအရမင်္ဂလာပွဲနှင့်ပတ်သက်၍လိုက်နာရမည့်စည်းကမ်းချက်များစွာ
ရှိလေသည်။ထိုချမှတ်ထားသောစည်းကမ်းချက်များကိုအတိအကျပြုလုပ်ကြသဖြင့်လက်ထပ်ပွဲသည် ပကာသနမဖက်အရိုးခံသက်သက်ဖြင့်ရှေးရိုးရာမပျက်ချစ်စရာမြတ်နိုးစရာ အသွင်များဆောင်နေပါသည်။ရခိုင်လူမျိုးတို့၏ချစ်စရာကောင်းသောဓလေ့၊ တစ်မူထူးခြား
သောမင်္ဂလာအယူအဆများဖြင့်ပြည့်လျှံနေကြောင်းတွေ့ရပါသည်။
OWL
ကျောက်ဖြူ
ကျမ်းကိုးကားစာအုပ်များ - သားချင်းတို့အကြောင်းတစေ့တစောင်း(မောင်အောင်မွန်)
- ပြည်ထောင်စုသားတို့၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ
(တက္ကသိုလ်သျှင်သီရိ)
- မြတ်ပန်းသဇင်ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)၂၀၀၇ ထုတ်
Ven Ottama Educare Program
What is the most important thing we should do right now for the future of the fatherland?
The answer would all be the same that we should promote education for the new generation if the above-mentioned question is arisen. So we have reached a point that we should do this. Then we must be practical. There have been more than 300 monasteries in Rangoon which are doing free education for the needy students.
Since around 2000, some visionary and thoughtful Arakanese monks who think that such free education should be done in Arakan as well started implementing free education for Primary, Middle and High School Graders in some area. Now there have been a few monasteries in Arakan now which are trying to raise such education access for the school graders in urban and rural area as much as they can.
Those education programs should be backed up
.
As everybody knows the true situations inside, of course they have financial hardships to extend the program. Those programs should not see the end on the grounds of financial problems while there are a lot of Arakanese who are now abroad and can support the program financially.
Our pennies matter for their life.
Whilst there is no any regular source of flow of money for those who are implementing such free education program, our pennies would be able to accelerate the program. A small amount of foreign currency (our money) would be a big help to get such education program move on. We give them just a little but they get a lot. Our pennies really matter not only for their life but also the future of Arakan because it hundred percent depends on the education of new generation. Everybody knows very well that education is the most important thing for the future of the land. The thought of today new generation of ours is the future of fatherland for tomorrow. So we really ought to support financial aides to make the program bigger and wider. We will reach our ultimate destination some day if we are desperate and patient enough. It will take but the move needs to be steered in a systematic and organized way.
Trust with money situation
It usually happens that we don not trust one another with money situations because there have been some sad stories before_ money was lost on the half-way before it reached its destination. For money situations, two young monks (about whom will be introduced briefly later) who are currently in Thailand will handle it. So anybody need not worry about it. Their contact number would be mentioned so that anybody can discuss about the long program or socially talk to them.
Brief historical background of this education plan
After a short visit to a free-education-providing monastery in Rangoon motivated an idea that it would be wonderful if such monastery-monitored High School education program could be carried out, I tried to gather some young active monks who harbor a keen interest in such education development and the effort was worthy as there was a group of young monks came out with who we all together reached a promise that we would raise education access for those have hard access especially in rural area. For sure, it took time to get to the point that some more monks became interested in the program. After a year, each went abroad respectively for further education to make themselves qualified enough to educate the youths and to bear out future young leaders. Now they are qualified and capable enough to implement such school education program no matter it is Primary, Middle, High School education or even some university education. They get ready now for that.
Some who remained inside since then have been endeavoring their best to seed the program. Now they also have reached a level that a few schools are open where all school graders can learn every school subject for the respective grades in some townships. Students need not pay even a penny to learn at monastery-led school. Nonetheless, we should support the program financially so that those graders have such easy education access for long.
Aims of this program
The initial idea of this program is to found monastery which gives educational support to school graders while they are schooling. Graders will live, have meal and sleep there. They don not have to pay even a penny for food, stay and tuition fee. Teachers would, if possible, be hired for each subject according to the different grades or young monks will be teaching all school grades. It is a firm belief that tuition teacher will come volunteer if the program is really successful.
For the students who matriculated, there would be English Classes (ESL) provided and they can still live in the monastery while they go to university if they wish to.
Those who matriculated would be teaching Primary School graders. The program would be running all year round.
Such free-education-providing monastery would be set up in all towns in the long run. However, it also depends on the fact that how much fund they have in order to run the program in the long run or how much we Arakanese (abroad) support those programs financially.
Thoughtfully, imagine how much the new generation would benefit from this program during next five or ten years. If that is the case, imagine how the future of Arakan would be within next ten years if this program is really successful or there are many educated people. To make this program, each and single Arakanese should share responsibility. We should think about our future, the future of our land. Education is the backbone for our ultimate destination. It is not only promoting the future of new generation but also our future. Their future is the future of Arakan. There would not be even a tiny space for us to stand up. The future of Arakan is ours. Imagine how much locals would be benefited from the program if a monastery could be founded in Site-tway; which can provide systematic education or many language classes such like in Rangoon.
The list of donors
Individual names would be mentioned with the amount of donation and every donor can contact the treasurer to make sure that all correct amount of money be sent. A careful handling would be taken with money situations.
It is the right time now that we should deeply think about the future of our land next 50 years. We should critically invest education of new generation for the sake of our future in the long term. If not, we would be far left behind other nationalities once again.
Let us help together the future of Fatherland grow gradually.
The collected money would be sent to a monastery which is providing free education for all school graders in Kyauk Taw township. The school is run by some young active, skilled and educated monks who devoted their lives for the good of the future of new generation. The school had around 100 students of all grades last year and this year there are over 200 students. For sure, they have financial problems and manage the school with a small amount of fund obtained from some locals and relatives. Our financial aids would be a big support and it is best if regular fund could be supported for the sake of new generation education in the long term.
P.S. Please introduce yourself first; name and country and the reason of your contact when you contact the contact persons. Then you can move on.
Contact persons: + 66-850-322-385
+ 66-831-827-718
I am sending the text file to you all coz I was told that the file can't be opened. I will appreciate any suggestions and edition or addition to it from you. Thanks for your time and cooperation.
With due respect to all,
A friend.
၂၀၀၈ ခုနှစ် အခြေခံပညာ အထက်တန်း စာမေးပွဲ ရခိုင်ပြည်နယ်မှ ဂုဏ်ထူးရှင် (၂၉၁) ဦးရှိ
၂၀၀၈ခုနှစ်အခြေခံပညာအထက်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်စာစစ်ဌာနများမှ ဂုဏ်ထူး
ရရှိသူ(၂၉၁)ဦးရှိခဲ့ကြောင်း၊လေးဘာသာ(၁၆)ဦး၊သုံးဘာသာ(၂၅)ဦး၊နှစ်ဘာသာ(၅၄)ဦးနှင့်တစ်ဘာသာ
(၁၇၇)ဦးဖြစ်ကြောင်းလည်းသိရသည်။ရခိုင်ပြည်နယ်မှ ကျောင်းတွင်း၊ပြင်ပဝင်ရောက်ဖြေဆိုသူစုစုပေါင်း
(၂၅၇၃၉)ဦးရှိခဲ့ပြီး အောင်မြင်သူစုစုပေါင်း (၅၂၃၇) ဦးရှိကြောင်းဖြင့်သိရသည်။ အောင်ချက် ရာနှုန်းမှာ
(၂၀.၃၅) ရာခိုင်နှုန်းရှိသည်။ရခိုင်ပြည်နယ်စာစစ်ဌာနများမှဝင်ရောက် ဖြေဆိုသူများအနက် ပြင်ပဖြေဆို
သူဦးရေမှာ (၄၄.၇၇)ရာခိုင်နှုန်းရှိကြောင်း ၃.၇.၂၀၀၈ ရက်နေ့ထုတ် News Watch ဂျာနယ်တွင်ဖော်ပြ
ထားပါသည်။
အမျိုးသားရေး အမြင်နန့် စည်းလုံးကတ်မေ
သမိုင်းဖြစ်စဉ်တွေကို ဖော်ပြပြီး ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား
မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်ကို အဏ္ဏ၀ါစစ်သည်နဲ့ ရခိုင်သား တို့က
တင်ပြခဲ့ပြီး ဖြစ်ပါပေတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဒီအဆိုကို
သဘောတူလို့ ရိုဟင်ဂျာဟာ ဒုက္ခသည် မဟုတ်ဘူးဆိုတဲ့ ပို့စ်ကို တင်ခဲ့ပါတယ်။
သို့သော် ရိုဟင်ဂျာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နောက်ခံသမိုင်းကို
ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ ဒါ့ကြောင့် အချိန်ပေးပြီး လေ့လာခဲ့ပါတယ်။
အဲဒီအခါမှာ ဒီရိုဟင်ဂျာ လှုပ်ရှားမှုဟာ ခုမှ ဗြုံးကနဲ ပေါ်လာတာမဟုတ်။ ဘင်္ဂါလီ
ကုလားများဟာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အင်္ဂလိပ်ခေတ်က အခြေချ
နေထိုင်သူများ၊ လွတ်လပ်ရေး နောက်ပိုင်း ခိုးဝင်လာသူများကို မြန်မာ
တိုင်းရင်းသား လူမျိုးစု တစ်စုအဖြစ် အသိအမှတ် ပြုခံရအောင် ရေရှည်မဟာဗျူဟာ
ချပြီးလုပ်လာခဲ့တယ် ဆိုတာ သိလာရသလို ဒီပြဿနာဟာ အမျိုးသားရေး အတွက်
အလွန်အန္တရာယ်ကြီးတဲ့ ကိစ္စဆိုတာ မြင်လာပါတယ်။
မူဂျာဟစ် ခေါ် ကုလားဆိုးများ
မြန်မာနိုင်ငံထဲမှာ ရောက်နေတဲ့ ဘင်္ဂါလီ ကုလားတွေကို သီးခြားလူမျိုးစု
တစ်ခုဖြစ်အောင် လုပ်ဖို့၊ ဒီကုလားတွေ အများစုဖြစ်သွားတဲ့ နယ်စပ်ဒေသတွေကို
စစ်တကောင်းဒေသ ( နောင် အရှေ့ ပါကစ္စတန်၊ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်) နဲ့
ပူးပေါင်းဖို့ဆိုတဲ့ လှုပ်ရှားမှုတွေဟာ ၁၉၃၂ ခုနှစ် လောက်ထဲ ကပေါ်ခဲ့ပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံကို အန္ဒိယနိုင်ငံကနေ ခွဲရေး၊ တွဲရေး
လှုပ်ရှားမှုတွေဖြစ်တဲ့ အချိန်ပါ။ စစ်တကောင်းမှာရှိတဲ့ မူဆလင်လိဂ်
ခေါင်းဆောင်တွေက မြန်မာကို အိန္ဒိယရဲ့ အစိတ်အပိုင်း အဖြစ် ဆက်ထားဖို့
လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ခွဲရေးဘက်က အနိုင်ရသွားတဲ့ အခါကျတော့
ရခိုင်ပြည်နယ်ထဲက ကုလားအများစု နေတဲ့ဘူးသီးတောင်၊ မောင်တော ဒေသတွေကို
စစ်တကောင်း ဒေသနဲ့ပေါင်းဖို့ဆိုတဲ့ လှုပ်ရှားမှု စပေါ်လာပါတယ်။ အဲဒီ
လှုပ်ရှားမှုကြောင့် ရခိုင်ပြည်နယ်ထဲကို နောက်ထပ် ဘင်္ဂါလီကုလားတွေ
အလုံးအရင်းနဲ့ ၀င်လာခဲ့လို့ ၁၉၃၅ ခုနှစ် နောက်ပိုင်းမှာ အင်္ဂလိပ်ဘုရင်ခံက
ဘင်္ဂါလီ ကုလားတွေကို အထူးနှုန်းနဲ့ သယ်ပေးနေတဲ့ သဘောင်္ ခရီးစဉ်တွေကို
ရပ်ပစ်လိုက်ရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကုလား တစ်သန်း ကျော်လောက်
ရခိုင်ပြည်နယ်ထဲကို ရောက်နေပါပြီ။
အဲဒီလှုပ်ရှားမှုကြောင့်ပဲ အရင်ပို့စ်တွေထဲမှာ ပါခဲ့တဲ့
မူဂျာဟစ်ခွဲထွက်ရေးလှုပ်ရှားမှုတို့ ၁၉၄၂ ခုနှစ်မှာ မောင်တော် ဒေသက
ရခိုင်တွေကို အစုလိုက်အပြုံ လိုက်တိုက်ခိုက်မှု တို့ဆိုတာတွေ ဖြစ်ခဲ့တာ
ပါ။ အခု နိုင်ငံတကာ ရိုဟင်ဂျာ အဖွဲ့အစည်းများက ထုတ်ဝေတဲ့ စာတမ်းတွေမှာ
မူဂျာဟစ် ခွဲထွက်ရေး လှုပ်ရှားမှု အကြောင်း လုံးဝဖော်ပြတာ မရှိသလို ၁၉၄၂
ခုနှစ် ဖြစ်ရပ်ကိုတော့ ရခိုင်တွေက ကုလားတွေ ကို တိုက်ခိုက်သတ်ဖြတ်မှု
အဖြစ် ပုံဖော်ထားခဲ့တယ်။ စစ်ပြီးခေတ် အင်္ဂလိပ် CASB အုပ်ချုပ်ရေး အစီရင်
ခံစာမှာပါတဲ့ ရခိုင်ရွာ တစ်ရာကျော်လောက် ဖျက်ဆီးခံရတဲ့ကိစ္စ၊ ရခိုင်တွေ
သောင်းနဲ့ချီပြီး တောင်ဘက်ကို ထွက်ပြေးခဲ့တဲ့ ကိစ္စတွေကိုတော့
တစ်စွန်းတစ်စမှ ရေးမထားခဲ့ဘူး။ ရခိုင်ဒေသကို ဂျပန်တွေ
သိမ်းပိုက်ထားချိန်မှာ စစ်တကောင်းဒေသနဲ့ ရခိုင်ဒေသမှာရှိတဲ့ ကုလားများဟာ
အင်္ဂလိပ် တပ်တွေရဲ့ ရခိုင်ဒေသ စစ်ဆင်ရေးတွေမှာ အားတက်သရော ပါဝင်ခဲ့တယ်။
ကုလားတွေက ဒီလိုလုပ်တဲ့အတွက် နောင်တစ်ချိန်မှာ ဒီဒေသကို Arakistan
ဆိုတဲ့အမည်နဲ့ သီးခြားပြည်နယ် ဒါမှမဟုတ် စစ်တကောင်း ဒေသထဲကို
သွတ်သွင်းပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ရခိုင်စစ်ဆင်ရေးတွေကို
ကွပ်ကဲခဲ့တဲ့ ဗြိတိသျှဗိုလ်ချုပ် အာဝင်က ဘင်္ဂါလီ ကုလားတွေကို သစ္စာရှိ
တိုင်းရင်းသားများ အဖြစ်နဲ့ အစီရင်ခံစာတွေမှာ ဖော်ပြပေးခဲ့တယ်။ ဒါ့ပေမယ့်
မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့အချိန်မှာ ကုလားတွေအတွက် သီးခြား ပြည်နယ်
လည်းမရ၊ အရှေ့ပါကစ္စတန်နဲ့ လည်းပေါင်း မပေးဘူးဆိုတာ ထင်ရှားလာတဲ့အချိန်မှာ
မူဂျာဟစ် ခေါ်ကုလားဆိုး လှုပ်ရှားမှု ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
၁၉၅၄ ခုနှစ်မှာ အရှေ့ပါကစ္စတန် နယ်စပ်(အခုဘင်္ဂလားဒေ့ရှ်)က
တောင်ပြိုမှာရှိတဲ့ မူဂျာဟစ် ခေါ် ကုလားဆိုးများရဲ့ စခန်းကို တပ်မတော်က
သိမ်းပြီးချိန်မှာ မူဂျာဟစ်သူပုန်တွေ ပြိုကွဲသွားတယ်။ ဒီအခါမှာ
ဘင်္ဂါလီကုလား နိုင်ငံရေးသမားများက လက်နက်နဲ့ ခွဲထွက်ရေးလုပ်တာ
မအောင်မြင်နိုင်ဘူး ဆိုတာကို လက်ခံခဲ့တယ်။ ဒါ့ကြောင့် သူတို့ဟာ
နံမည်ပျက်နေတဲ့ မူဂျာဟစ်ဆိုတဲ့ အမည်အစား ရခိုင် ဒေသက လူတွေကို ကုလားတွေက
ခေါ်တဲ့ ရိုဟင်ယွာ ဆိုတဲ့စကားကနေ ရိုဟင်ဂျာဆိုတဲ့ လူမျိုး တစ်မျိုး
မွေးထုတ်ဖို့ လုပ်ခဲ့တယ်။
ရိုဟင်ဂျာအစ
ဘင်္ဂါလားကုလား သမိုင်းပညာရှင် ဘာဟာက ရခိုင်ဒေသမှာ ရှိတဲ့ ရခိုင်နဲ့ ဘင်္ဂါလီ
ကုလား တွေက မျိုးရင်းက အတူတူပဲ။ အသားမည်းတဲ့ နီဂရွိုက် အနွယ်တွေဖြစ်တယ်။
မြန်မာနိုင်ငံ အလယ်ပိုင်း မှာနေရာကနေ မွန်ခမါတွေ၊ မွန်ဂိုလွိုက်တွေ
ွဝင်လာလို့ တောင်ဘက် ဆင်းလာရင်း တစ်ချို့က ရခိုင် ဒေသကိုရောက်၊ တစ်ချို့
ပသျှူးဖြစ်။ တစ်ချို့က ထိုင်းတောင်ပိုင်းနဲ့ မလေးရှားကို ရောက်သွားတယ်။
ရခိုင်ဒေသ မြောက်ဘက်ကို ရောက်သွားတဲ့ အုပ်စုက အာရပ်ကုန်သည်တွေနဲ့တွေ့ပြီး
၈ရာစုမှာ မူဆလင် ဖြစ်ကုန်တယ်။ တောင်ဘက်က အုပ်စုဗုဒ္ဓဘာသာ ဖြစ်သွားတယ်။
ဗုဒ္ဓဘာသာ ဖြစ်သွားတဲ့ အုပ်စုက ရခိုင် ဖြစ်လာပြီး မြောက်ဘက်က အုပ်စုက
ရိုဟင်ဂျာ ဖြစ်သွားတယ်။ မူရင်းစကား က Rakhuses ဆိုတဲ့ နံမည်ကနေ ရခိုင်၊
ရိုဟင်ဂျာဆိုပြီး ကွဲသွားတာ ဖြစ်တယ်ဆိုတဲ့ စာတမ်းတစ်ခုကို ရေးခဲ့ဖူးတယ်။
ဒါဟာ ရခိုင် ဒေသမှာ ရှိတဲ့ ဘင်္ဂါလီကုလားများကို မြန်မာနိုင်ငံအတွင်းက
လူမျိုးစုတစ်ခုအဖြစ် ပုံဖော်ဖို့ ကြိုးစား လိုက်တာပဲဖြစ်တယ်။
အဲဒီဘင်္ဂါလီ ကုလားပညာရှင်တွေကပဲ ၁၄၃၀ ခုနှစ်မှာ အိန္ဒိယဒေသကို
အုပ်ချုပ်နေတဲ့ မူဆလင် မွန်ဂိုအင်ပါယာရဲ့ တိုက်ခိုက်မှုကြောင့်
ရခိုင်ထီးနန်းကို မူဆလင်ဘုရင်တွေကို နှစ်တစ်ရာကျော်အုပ်ချုပ်
ခဲ့တဲ့ကာလကို ဒေသခံ ရိုဟင်ဂျာတွေက ရခိုင်ထီးနန်းကို ဆက်ခံတဲ့ပုံစံ၊
ရခိုင်ဘုရင်တွေ ကိုယ်တိုင်က မူဆလင်ဘာသာ အဆုံးအမကို ခံယူတဲ့
ပုံစံရေးကြတယ်။ သူတို့က ရခိုင်တွေဟာ မူဆလင် ဘာသာရဲ့ ကြီးကျယ်မှု၊
သန့်စင်မှုကြောင့် မူဆလင် ဘာသာကို ၀င်ကုန်တယ်လို့ အခုလိုရေးတယ်။
According to history, Islam came through the sea borne Sufis and
merchants. The superior morality of those devout Muslims attracted
large number of people towards Islam.
ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့စကားလုံးဟာ ဘူးသီးတောင်၊ မောင်တောဒေသက
မူဆလင်အမတ် တွေက တဆင့် မြန်မာ့နိုင်ငံရေးနဲ့ မြန်မာသတင်းစာတွေပေါ်မှာ
ရောက်လာတယ်။ ဘာဖြစ်လို့ ဘင်္ဂါလီ ကုလားအမတ်တွေ လွှတ်တော်ထဲ
ရောက်လာတယ်ဆိုတာနဲ့ နောက်ဆုံး ဦးနုက မေယုအထူးခရိုင် အဖြစ်
သတ်မှတ်ပေးခဲ့တဲ့ အဖြစ်တွေကို တစ်ခြားပို့စ်တွေမှာ ဖော်ပြထားပြီး
ဖြစ်လို့မပြောတော့ပါ။ နောက်ဆုံးမှာတော့ ဦးနုအစိုးရ ကောင်းမှုနဲ့
ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ဆိုတာပေါ်လာတဲ့အပြင် မေယုအထူးခရိုင်
သတ်မှတ်ပေးတာကို အကြောင်းပြုပြီး စွယ်စုံကျမ်းထဲက မေယုခရိုင်ဆိုတဲ့
ခေါင်းစဉ် အောက်မှာ မေယုခရိုင်မှာ ရိုဟင်ဂျာ တိုင်းရင်းသား အများစု
နေထိုင်တယ် ဆိုတာအထိ ဖော်ပြတဲ့ ဘ၀ ကိုရောက်သွားပါတယ်။ ဒါဟာ ဘင်္ဂါလီ
ကုလားများကို ရိုဟင်ဂျာ အမည်ပေးနိုင်ဖို့ ကြိုးစားခဲ့တဲ့ ကုလား တွေအတွက်
မဟာအောင်မြင်မှုကြီး ဖြစ်ပါတယ်။
အဲဒီလို ရိုဟင်ဂျာဆိုတဲ့ အမည်ပေါက်သွားတဲ့ နောက်ပိုင်းမှာ ဘင်္ဂါလီ
ကုလားပညာရှင်တွေဟာ ရခိုင်ဒေသကို ရိုဟင်ဂျာများရဲ့ မူလဌာနအဖြစ်
ပုံဖော်ဖို့ ဆက်တိုက် ကြိုးစားခဲ့ပါတယ်။ ရိုဟင်ဂျာ ဘက်
ကသမိုင်းစာတမ်းတွေမှာ အခုလိုပြောလေ့ရှိတယ်-
တစ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ ပြည်နယ် ၁၄ ခုအနက်
မူဆလင်အများစု နေထိုင်တဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်တယ်။
နှစ်။ ရခိုင်ပြည်နယ်မှာ လူဦးရေလေးသန်းရှိပြီး ရခိုင်နဲ့
ရိုဟင်ဂျာထက်ဝက်စီဖြစ်တယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေရတဲ့
ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲကို ထည့်မတွက်ထားဘူး။
သုံး။ ရိုဟင်ဂျာတွေရဲ့သမိုင်းကြောင်းဟာ ကြီးကျယ်ခမ်းနားတယ်။
ရခိုင်ပြည်နယ်ကို ၁၄၃၀ ခုနှစ် ကနေ မြန်မာဘုရင်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့
၁၇၈၄ ခုနှစ်အထိ ရခိုင်ထီးနန်းကို မူဆလင်ဘာသာဝင် ရိုဟင်ဂျာတွေက
စိုးစံခဲ့တယ်။
လေး။ ၁၉၃၇ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက ရခိုင်ပြည်သူတွေရဲ့ ဆန္ဒကို
ဆန့်ကျင်ပြီး ရခိုင်ဒေသကို မြန်မာနိုင်ငံထဲမှာထည့်ခဲ့တယ်။
အဲဒီအချိန်ကစပြီး ရိုဟင်ဂျာတွေဟာ ရခိုင်နဲ့ ဗမာတွေရဲ့ လူမျိုးရေး
ဖိနှိပ်မှုတွေကိုခံရတယ်။ ရိုဟင်ဂျာတွေဟာ ကက်ရှ်မီးယားက မူစလင်တွေနဲ့
ဘ၀တူပဲ။
အဲဒါတွေဟာ ရိုဟင်ဂျာတွေက သမိုင်းကို ပြန်ပြင်ရေးခဲ့တဲ့ အချက်တွေထဲက
အနည်းငယ်မျှသာ ဖြစ်ပါတယ်။ အဲဒီလို ရိုဟင်ဂျာ ဆိုတဲ့နံမည်ကို
လူတွေလက်ခံလာအောင် လုပ်နိုင်ပေမယ့် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား
လူမျိုးစုဖြစ်အောင် လုပ်ဖို့အတွက် အဓိက အတားအဆီး တစ်ခု ကျန်နေသေးတယ်။
အဲဒါကတော့ မှတ်ပုံတင်ရရေးပါဘဲ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြဋ္ဌာန်းတဲ့ ၁၉၄၈ ခုနှစ်
နို်င်ငံသားဥပဒေမှာ ၁၈၂၃ ခုနှစ် မတိုင်မီကထဲက မြန်မာနိုင်ငံထဲမှာ
နေထိုင်ခဲ့သူတွေကိုသာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုမယ် လို့
ပါဝင်ပါတယ်။ ဒီအချက်အရဆိုရင် ရခိုင်ဒေသမှာ ရှိတဲ့ ဘင်္ဂါလီ ကုလားအများစုဟာ
နိုင်ငံသား မဖြစ်နိုင်၊ ဧည့်နိုင်ငံသား သာဖြစ်ရမယ်။ ဒါကို
ဦးနုဖြေရှင်းပေးပုံက ဘူးသီးတောင်၊ မောင်တောဒေသမှာ ရှိတဲ့ ကုလားတွေရဲ့
မိဘတွေဟာ ၁၈၂၃ မတိုင်ခင်ထဲက အဲဒီဒေသမှာနေထိုင်ကြောင်း သက်သေပြနိုင် ရင်
နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးရမယ်လို့ လုပ်လိုက်တာပဲ။
ဘယ်သူကထောက်ခံမလဲဆိုတော့ အဲဒီ ရွာကသူကြီးက ထောက်ခံရမယ်လို့ သတ်မှတ်ပေးတယ်။
( ဦးရွှေဇံရေးတဲ့ ရိုဟင်ဂျာပြဿနာ စာတမ်း ) ကုလားကို ကုလားသူကြီးက
ထောက်ခံတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ ဒီလိုနဲ့ ကုလားတွေ
မှတ်ပုံတင်ရသွားတယ်။ ဒီပြဿနာဟာ လမ်းစဉ်ပါတီလက်ထက်နဲ့ န၀တလက်ထက်မှာ
ရခိုင်ပြည်နယ် မှာ မှတ်ပုံတင် စစ်ဆေးလို့ ထွက်ပြေးသွားတဲ့ ကုလားတွေ
ကိစ္စမှာ ဒုက္ခပေးတာပဲ။ ဘာလို့လဲဆိုတော့ ထွက်ပြေးတဲ့ ကုလားအများစုဟာ
အဲဒီကာလက မှတ်ပုံတင်ရခဲ့တဲ့ ကုလားတွေရဲ့ သားသမီ၊ မြေးမြစ် တွေဖြစ်နေတယ်။
ခိုးဝင်လာပြီး အဲဒီမြေးမြစ်တွေနဲ့
အိမ်ထောင်ကျနေသူတွေဖြစ်နေလို့ပဲဖြစ်တယ်။
ဒီလိုမှတ်ပုံတင်ရအောင် လုပ်ပြီးတဲ့နောက် တိုင်းရင်းသား လူမျိုးစုအဖြစ်
သက်သေပြဖို့ဘင်္ဂါလီ ကုလားတွေ လုပ်တာကတော့ ရိုဟင်ဂျာ စာပေဆိုတာကို
တီထွင်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ရိုဟင်ဂျာလို့ပြောနေတဲ့
ဘင်္ဂါလီကုလားများဟာ စစ်တကောင်းဒေသက ကုလားများပြောတဲ့ ဘင်္ဂါလီ စကားကိုပဲ
ပြောပါတယ်။ အင်္ဂလိပ်ခေတ်၊ လွတ်လပ်ရေး ရပြီးခေတ်မှာလဲ ဘင်္ဂါလီ ကုလားတွေဟာ
အူရဒူစာ၊ အင်္ဂလိပ်စာ၊ မြန်မာစာကို ပဲသုံးခဲ့တာပါ။ ကိုရမ်ကိုတော့ အာရေဗီ
စာနဲ့ရေးဖတ်တယ်။ ဒါပေမယ့် ၁၉၆၉ မှာတော့ အာရေဗီစာရယ်၊ အူရဒူစာရယ်ကို
ပေါင်းပြီး ရိုဟင်ဂျာ စာကိုတီထွင် ခဲ့ပါတယ်။ အဲဒီစာ က ရေးရခက်ပြီး
တွင်ကျယ်မှုလည်းမရှိတော့ ၁၉၈၀ နောက်ပိုင်းမှာ အင်္ဂလိပ် အက္ခရာ ၂၆ လုံးကို
အခြေ ခံပြီးတီထွင်တဲ့ Rohingyalish ဆိုတာကို ထွင်ခဲ့ပါတယ်။ တကယ်တော့
ဆင်းရဲတဲ့ ဘင်္ဂါလီကုလား အများစုဟာ အဲဒီစာကို မတတ်ပါဘူး။ ဒီစာကို ထွင်ရတဲ့
ရည်ရွယ်ချက်ကလည်း ရိုဟင်ဂျာစာဆိုတာ ကမ္ဘာကသိပြီး ရိုဟင်ဂျာကို
သီးခြားလူမျိုးစု တစ်ခုအဖြစ် လက်ခံအောင်သာ လုပ်တာဖြစ်ပါတယ်။ ကုလားတွေဟာ
ဒီရည်ရွယ်ချက်ကို စိုက်လိုက် မတ်တတ်ကြိုးစားခဲ့တာ အခုဆိုရင် Rohingyalish
ကို ISO နံပါတ် ISO 639-3 "rhg" နဲ့အသိအမှတ် ပြုခံရတဲ့ ဘ၀ရောက်သွားပါပြီ။
ကျွန်တော်တို့အားနည်းချက်
အထက်မှာပြောခဲ့တာတွေကို ပြန်ကြည့်ရင် ဘင်္ဂါလီ ကုလားများဟာ
သူတို့ရည်မှန်းချက်ကို ရဖို့ အတွက် ၁၉၃၂ ခုနှစ်ကနေ နှစ်ပေါင်း
ရှစ်ဆယ်နီးပါး အဆက်မပြတ် ကြိုးစားခဲ့တာ တွေ့နိုင်ပါတယ်။
သူတို့ဒီလိုလုပ်နေချိန်မှာ ကျွန်တော်တို့မြန်မာတွေက အဲဒီလောက်
ရေရှည်မတွေးခဲ့ကြဘူး။ မိမိ ပါတီ အကျိုးအတွက် ကုလားကို
အခွင့်အရေးပေးခဲ့တယ်။ အဲဒီဒေသမှာ တာဝန်ကျတဲ့ လ၀က ၀န်ထမ်းများဟာ
ငွေကြေးကြောင့် ကုလားတွေကို မှတ်ပုံတင် ထုတ်ပေးခဲ့တာ တွေရှိခဲ့မယ်။
အချင်းချင်းမတဲ့တာနဲ့ ကုလားကို ပစားပေးပြီး မိတ်ဆွေ ဖွဲ့ခဲ့ကြတယ်။
ကုလားအရေးကို အစိုးရကို ထိုးနှက်ဖို့ လက်နက်ကောင်း အဖြစ်သုံးရင်း
ကုလားကို ရိုဟင်ဂျာ အဖြစ်လူရာဝင်အောင် လုပ်ပေးခဲ့ကြတယ်။
အခု ရိုဟင်ဂျာ ပြဿနာဖြစ်တော့ အစိုးရကို ဆန့်ကျင်နေတဲ့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် အဖွဲ့အများစုက နှာစေးနေကြတယ်။ ကြည့်ရတာ
ရိုဟင်ဂျာအရေးမှာ မြန်မာဘက်က ရပ်တည်လိုက်ရင် နအဖကို
ထောက်ခံရကျသွားလိမ့်မယ်လို့ ကောက်ယူနေပုံရတယ်။ ၀မ်းနည်းစရာ ပါပဲ။
တစ်ချို့ကတော ရိုဟင်ဂျာဘက်က ထောက်ခံပြီး ရေးကြတယ်။ ဘလော့ဂ်တစ်ခုမှာ
ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ မွေးရင်
မြန်မာ တိုင်းရင်းသား ပေါ့လို့ ပြောခဲ့တယ် ဆိုတာကိုကိုးကားပြီး
ရိုဟင်ဂျာကို တိုင်းရင်းသား လူမျိုးစု အဖြစ် သတ်မှတ်သင့်ကြောင်း
ပြောထားတာ ကို ဖတ်မိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီလိုပြောတာ
မဖြစ်ပါစေနဲ့လို့ပဲဆုတောင်းပါတယ်။
ကျွန်တော်တို့ ဘလော့ဂ်မှာ မှတ်ချက်ရေးသူထဲမှာရော၊ တစ်ခြားနေရာတွေမှာ
ရိုဟင်ဂျာ ကိစ္စ ကိုအမျိုးသားရေးအမြင်နဲ့ ရေးသူတွေတွေ့ရလို့လည်း
အားတက်မိပါတယ်။သို့သော် ကျွန်တော် တို့ဟာ မြန်မာတွေရဲ့ စိတ်ဟာ
ကောက်ရိုးမီးလိုပဲလို့ အပြောခံနေရတာကို မမေ့ဖို့လိုပါတယ်။ သွေးပူတုံးမှာ
ဒုတ်ထမ်း၊ ဓါးထမ်းပြောပြီး သွေးအေးတော့ မေ့မသွားဖို့လိုပါတယ်။ တစ်ဖက်က
ဘင်္ဂါလီ ကုလားများဟာ မျိုးဆက်နဲ့ ချီပြီး သူတို့ရည်မှန်းချက်
အောင်မြင်ဖို့အတွက် နည်းမျိုးစုံနဲ့ ဆောင်ရွက် နေတယ်ဆိုတာ
မမေ့ဖို့လိုပါတယ်။
ရိုဟင်ဂျာကိစ္စကို ကျွန်တော်တို့ ပြောနေတာဟာ လူမျိုးခွဲခြားစိတ်၊ ဘာသာရေး
ခွဲခြားစိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ ဒီလိုအမြင်နဲ့ ချဉ်းကပ်တာ
မှန်သမျှကိုလည်း ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ သို့သော် ဒီလူတွေကို
တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ် လက်ခံရမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး၊
နောက်တစ်ခါ ဟိုဘက်မှာ ခိုးဝင်ဖို့စောင့်နေတဲ့ ဘင်္ဂါလီ
ကုလားမှန်သမျှကိုလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာတိုင်းရင်း
သားလူမျိုးစုအဖြစ်လက်ခံရမယ်ဆိုတာ ပိုပြီး မဖြစ်နိုင်ပါဘူး။
ဒီလိုတိုင်းရင်းသားအဖြစ်နဲ့ လွယ်လွယ်လေး လက်ခံလိုက်မယ်ဆိုရင်
နိုင်ငံရေးအရ ရေရှည်မှာ ပြဿနာ ဖြစ်နိုင်တာတွေ အများကြီး ရှိသေးတယ်။ ဥပမာ
အခု နအဖသွားနေတဲ့ အခြေခ ဥပဒေသစ် အရပဲကြည့်၊ အမျိုးသားလွှတ်တော်လို့ခေါ်တဲ့
အထက်လွှတ်တော်နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်တွေမှာ သတ်မှတ်လူဦးရေကို
ပြည့်မီတဲ့ တိုင်းရင်းသား လူမျိုးစုများအတွက် အမတ်နေရာ သီးခြားသတ်မှတ်ပေး
ရမယ်။ ဒီထက်ပိုစိုးရိမ်စရာ ကောင်းတာက တိုင်းရင်းသား လူမျိုးစုတစ်ခုဟာ
အနည်းဆုံး မြို့နယ်နှစ်ခုမှာ လူဦးရေ အများစုဖြစ်မယ်။
အဲဒီမြို့နယ်နှစ်ခုဟာ နယ်နမိတ် တစ်ဆက်တည်း ဖြစ်မယ်ဆိုရင် ကိုယ်ပိုင်
အုပ်ချုပ်ခွင့် နယ်မြေသတ်မှတ် ပေးရမယ်။ အဲဒါဆိုရင် ဘူးသီးတောင်၊
မောင်တောမှာ အများစု ဖြစ်နေတဲ့ ရိုဟင်ဂျာတွေဟာ ပအို့ဝ်၊နာဂ၊ ပလောင်
တို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရသွားတော့မယ်။ အဲဒါဟာ
အရင်ဦးနုပေးခဲ့တဲ့ မေယု အထူးခရိုင်နဲ့အတူတူ ဖြစ်သွားမှာပဲ။
မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ ၁၉၆၀ တုံးက ဦးနု ရိုဟင်ဂျာကို အခွင့်အရေး
ပေးခဲ့တုံးက နောင်နှစ်လေးဆယ်ကျော်မှာ ရိုဟင်ဂျာ အရေးဟာ နိုင်ငံတကာ
စင်မြင့်ပေါ် ရောက်လာမယ်လို့ ထင်ခဲ့မှာမဟုတ်ပါဘူး။
အားလုံးပြန်ချုပ်လိုက်ရင်တော့ တစ်ဘက်မှာ ရေရှည်မဟာဗျူဟာချပြီးလုပ်နေတဲ့
ဘင်္ဂါလီ ကုလားတွေ ရှိနေတယ်။ တစ်ဘက်မှာ ရေတိုအကျိုးကိုပဲကြည့်တဲ့၊
အပြင်ရန်ကာကွယ်ဖို့ထက် အချင်း ချင်းချဖို့အားသန်တဲ့၊
ပွဲပြီးမီးသေဖြစ်တတ်တဲ့ ကျွန်တော်တို့ မြန်မာတွေရှိနေတယ်။ ဒါကို
မမြင်နိုင်ရင် တော့ အမျိုးကို စောင့်ရှောက်သူလို့ အဓိပ္ပါယ်ရတဲ့
ရခိုင်အမျိုးသားများဟာ ရခိုင်ပြည်နယ်မှာ လူနည်းစု ဖြစ်တော့မယ်။ ဒီတော့
ကျွန်တော်တို့အားလုံး အမျိုးသားရေးအမြင်နဲ့ ရေရှည်ကြည့်ဖို့လိုပြီလို့သာ
တိုက်တွန်းချင်ပါတယ်။
ငါက ရခိုင်
လာစွာကနီပြီးကေဒေပိုင်ဖော်ပြပီးလိုက်ရခြင်းဖြစ်ပါရေ။)
ကွန်ချုပ်ကေ
မနှင်းဆီးရယ်
နင်ကဗမာ
ငါကရခိုင်
မျဉ်းပြိုင်နှစ်ကြောင်း
မဆုံကောင်းပါ
ခွင့်လွှတ်ပါတော့ မနှင်းဆီ။ ။
ဤကဗျာမှာ မနှင်းဆီအား ကိုသာကျော် နောက်ဆုံးပေးခဲ့သော ကဗျာဖြစ်သည်။ ဤကဗျာကို ပေးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဆီအား ကျောခိုင်းချန်ထားရစ်ကာ ရန်ကုန်မြို့မှ သူ့မွေးရပ်မြေ ရခိုင်ပြည်သို့ အပြီးအပိုင် ထွက်ခွာလာခဲ့ပါသည်။ ဘ၀နှင့်ပုံ၍ချစ်ခဲ့ရသူမို့ ကိုသာကျော် မနှင်းဆီနှင့် ခွဲခွာရစဉ်က ရင်နင့်အောင် ခံစားခဲ့ရပါသည်။( ဆက်ဖတ်ရန် ) အပိုင်း (၁)
ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားလေး ကိုသာကျော်သည် သူနှင့်အတန်းတူအချိန်တူ ဗမာမလေး"မနှင်းဆီ"နှင့် ချစ်ရည်တူမျှခဲ့ပါ သည်။ သူတို့ချစ်ကျွမ်းဝင်ပုံကလည်း ခပ်ဆန်းဆန်းပင်ဖြစ်သည်။ တယောက်နှင့်တယောက် နောက်ရင်းပြောင်းရင်းနဲ့ ချစ်သူများဘ၀ကို ရောက်ရှိခဲ့ရကြရသည်။ မနှင်းဆီတို့ ကျောင်းသူ အုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ် မခေါ်ဘဲ"ခုနှစ်ခိုင်"ဟုခေါ်သည်။ ရခိုင်မှ "ရကောက်ကို" "ခုနှစ်ဂဏန်း" အဖြစ် အစားထိုးပြီး နောက်ပြောင်သည့်သဘောဖြင့် "ခုနှစ်ခိုင်"ဟု ခေါ်ဆိုခြင်းဖြစ်သည်။
မနှင်းဆီသည် သူတို့ အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူ မညို နှာတံပေါ်လွင်ပြီး ရယ်လိုက် လျှင် ပါးချိုင့်လေးပါ ပေါ်လာတတ်သည်။ သူလိုအချောအလှလေးက "ကိုသာကျော်လို့" ခေါ်မယ့်အစား "ကိုခုနှစ်ခိုင်" လို့ ခေါ်နေတော့ ကိုသာကျော်က အောင့်သက်သက်နဲ့ ခံနေရ သည်။ သည်တော့ ကိုသာကျော်လည်း ခုနှစ်ခိုင်လို့ခေါ်တာကို တုန့်ပြန်ရန် စကားလုံးတွေ ရွေးချယ်ရတော့သည်။ ထိုအခါ စကားလုံးတလုံးကို ကိုသာကျော် သွားတွေ့သည်။
ထိုနေ့မှ စ၍ မနှင်းဆီက "ကိုခုနှစ်ခိုင်လို့" ခေါ်တိုင်း ကိုသာကျော် ငြိမ်ခံမနေတော့။ "ဟေ့ ကိုခုနှစ်ခိုင် နေကောင်းလား"ဟု မနှင်းဆီးက မေးလာလျှင် ကိုသာကျော်က "မနှင်းဆီ ကျွန်တော့်နာမည် က ကိုခုနှစ်ခိုင် မဟုတ်မဟုတ်ပါဘူးဗျ။ ကိုချစ်ခိုင်ပါ။ ချစ်ရင်ခိုင်လွန်းလို့ ကိုချစ်ခိုင်လို့ ခေါ်တာပါ။" ခုနှစ်ခိုင်လို့မခေါ်ပါနဲ့ "ကိုချစ်ခိုင်လို့" နာမည်ပြောင်း ခေါ်ပေးလို့ရမလား စသဖြင့် ပြန်ပက်သည်။ ထိုအခါ မနှင်းးဆီမှာ မျက်လွှာလေးချပြီး ခေါင်းကလေးငုံ့ ငုံ့သွားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နောက်ရင်းပြောင်ရင်းနှင့် ကိုသာကျော်နှင့် မနှင်းဆီတို့ နှစ်ဦးသည် နောက်ပိုင်းတွင် ချစ်သူများဘ၀သို့ ရောက်သွားခဲ့ကြသည်။
အပိုင်း (၂)
ချစ်သူများဘ၀ကို ရောက်သွားတော့လည်း သူတို့နှစ်ဦး မိုးမမြင်လေမမြင် ပျော်ခဲ့ကြသည်။ ကျောင်းပြီးလျှင် မနှင်းဆီကို လက်ထပ်ယူရန် ကိုသာကျော် ဆုံးဖြတ်ချက်ချလိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူရှိ အဖေအမေထံ အကြောင်းကြားသည်။ မိခင်ဖြစ်သူ ဒေါ်ညွန့်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဆီနှင့်တွေ့သည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းရှမ်းလမ်းရှိ မနှင်းဆီတို့ အိမ်ထိ လိုက်လည်သည်။ မနှင်းဆီမိဘများနှင့် တွေ့ သည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်တို့ မိသားစုကလည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲ မိသားစုထဲမှာ ပါဝင်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကို ကူညီ တတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်ပေါသည်။
၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ ရခိုင်-ဗမာ ခွဲခြားမှုမရှိ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်လည်း ရခိုင်အမျိုသား ဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆကို မုန်းသူဖြစ်သည်။ သို့အတွက်လည်း မနှင်းဆီးကို ရာသက်ပန် အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ သို့အတွက် ကိုသာကျော်နှင့် မနှင်းဆီအကြား မည်သည့်အဟန့်အတား မှမရှိ။ ချစ်သူတို့ လျှောက်သောလမ်းသည် ခရောင်တောမဟုတ်၊ ပန်းခင်းသောလမ်းအတိ ဖြစ်ခဲ့ပါသည်။
အပိုင်း (၃)
ထိုတနေ့။ ထိုတနေ့ကို ကြမ္မာငင်သောနေ့ဟု ဆိုရမလားမသိ။ ထိုနေ့တွင်ကိုသာကျော်နှင့် မနှင်းဆီတို့ လမ်းခွဲခဲ့ရပါသည်။ ကိုသာကျော်နှင့်မနှင်းဆီတို့သည်
နေမညှိုသေးသဖြင့် ဘုရားပေါ်တွင် လူကျဲနေသည်။ ခလေးနှစ်ဦးက မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ကိုခိုပြီး ခိုစာကျွေးနေသည်။ ခိုကလေးတွေကလည်း ခလေးတွေလက်ပေါ်တက်ပြီး အစာစားလိုက် ပျံလိုက်ပြန်နားလိုက်ဖြင့် မြင်ကွင်းသည် ချစ်စရာဖြစ်နေသည်။ ကိုသာကျော်နှင့်မနှင်းဆီတို့နှ
ထိုမှတဆင့် သားသမီးမွေးလာပါက ယောင်္ကျားနဲ့ မိန်းခလေး ဘယ်ဟာကို ပိုကြိုက်သလဲဟု မနှင်းဆီကမေးသည်။ ကိုသာကျော်က ယောင်္ကျားလေးဘဲမွေးမွေး သမီးမိန်းမလေးဘဲမွေးမွေး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်း ပြောသည်။ ထိုမှတဆင့် သားသမီးများမွေးလာပါက။ သားသမီးများရဲ့ နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က " ကိုကိုရဲ့ သားတွေကို ရခိုင်နာမည် အစစ်တွေဖြစ်တဲ့ ဦး သာထွန်းဦး တို့၊ ကျော်လှဦးတို့" နာမည်တွေ ပေးရမှာဖြစ်ကြောင်း ပြောသည်။ မနှင်းဆီမျက်နှာသည် ကိုသာကျော်စကားကြောင့် အနည်းငယ်မျက်နှာ ပျက်သွားသည်ကို ကိုသာကျော်သတိပြုမိ သည်။ ဘာဖြစ်တာလဲ မနှင်းဆီဟု ကိုသာကျော်က မေးသောအခါ မနှင်းဆီက "ဒီနာမည်တွေ က မဖြစ်နိုင်ဘူးထင်တယ် ကိုကိုဟု" ဟုဆိုလာသည်။
ကိုသာကျော်က ဘာဖြစ်လို့လည်း မနှင်းဆီဟု ဆိုသောအခါ မနှင်းဆီက "စိတ်တော့ မရှိနဲ့ကိုကို မနှင်းဆီက သားတွေရဲ့နာမည်ကို ဗမာနာမည်တွေဖြစ်တဲ့ ကျော်စွာမြင့်တို့ ဇော်လွင်မြင့်တို့စတဲ့ နာမည်တွေမှည့်ချင်တာ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုကို သားတွေရဲ့ နာမည်ကို ရခိုင်လိုမှည့်လိုက်ရင် ကိုကိုသားတွေဟာ ဘယ်တော့မှ ရားထူးကြီးတဲ့ အစိုးရ ထိပ်ပိုင်း ရာထူးတွေကို ရတော့မှာမဟုတ်ဘူး။ မနှင်းဆီက သားတွေကို စစ်ဗိုလ်ချုပ်ကြီးတွေ၊ နိုင်ငံတော် အကြီးအကဲတွေ ဖြစ်စေချင်တာ။ နာမည်တခုကြောင့် မနှင်းဆီက သားတွေ အနာဂတ်တက်လမ်း ပိတ်ဆို့မသွားစေချင်ဘူး ကိုကို"။ ကိုသားကျော်၏ နှလုံးသားတို့ တဒိတ်ဒိတ်ခုန်လေပြီ။
ခြေမဦးမှသွေးတို့သည် ဦးခေါင်းဖျားထိ တက်သွားသလို ကိုသာကျော်ခံစားလိုက်ရသည်။ "ဟုတ်လားမနှင်းဆီ ဒီတိုင်းပြည်မှာ ရခိုင်နာ မည် မှည့်ရုံလောက်နဲ့ အစိုးရထိပ်ပိုင်း ရာထူးတွေကို မရနိုင်ဘူးတဲ့လား။ စစ်ဗိုလ်ချုပ်ကြီးတွေ မဖြစ်နိုင်တော့ဘူးတဲ့လား။ နိုင်ငံတော်ရဲ့အကြီးအကဲတွေ မဖြစ်နိုင်တော့ဘူးလား" ကိုသာကျော် ဆို့နှင့်စွာ ဆိုလေသည်။ မနှင်းဆီသည် အဝေးတနေရာကို ကြည့်ရင်းပြောလာပါသည်။ "ဟုတ်တယ်ကိုကို ။ ဒါအမှန် တရားဘဲ။ မနှင်းဆီ ကိုကို့ကို စမချစ်ခင်ကတည်းက ဒီကိစ္စကို အသေအချာ စဉ်းစားခဲ့ပါတယ်။ အထူးသဖြင့် သားသမီးတွေရဲ့ အနာဂတ်ခရီးလမ်းပါဘဲ ရခိုင်အမျိုးသားတဦးနဲ့ ညားတဲ့ မနှင်းဆီရဲ့ သားသမီးတွေဟာ ဒီတိုင်းပြည်မှာ လူရာဝင်ပါ့ မလားဆိုတာပါဘဲ ကိုကို။" ကိုသာကျော် နားလည်လိုက်ပါပြီ။
မနှင်းဆီး၏ စကားလုံးများသည် ကိုသာကျော်၏ နှလုံးသား ကို မျှားအချွန်တခုနှင့် တချက်ချင်းထိုးနေသလို ကိုသာကျော် ခံစားရမိသည်။ ကိုသာကျော် ဘာမှဆက်ပြောချင်စိတ်မရှိတော့။ ထိုနေ့က မနှင်းဆီကို သူ့အိမ်ရှိရာ ရှမ်းလမ်းသို့ ကိုသာကျော် လိုက်ပို့ခဲ့သည်။ သို့သော် ဘာစကားမှ မပြောဖြစ် ခဲ့တော့ ။ ချစ်သူနှစ်ဦး၏ အပြန်လမ်းသည် တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ မနှင်းဆီတို့ အိမ်ကို ရောက်တော့လည်း ဘာစကားမှ မပြောမဆိုဘဲ လှည်းတန်းရှိ အခန်းကလေးသို့ ကိုသာကျော် လှည့်ပြန်ခဲ့သည်။ လာလမ်းတလျှောက် ကိုသာကျော်၏ အတွေးအာရုံကို မနှင်းဆီ၏ စကားလုံးများက နေရာယူ ထားခဲ့ပါသည်။ နှလုံးသားဖြင့်ရင်း၍ ချစ်ရပါသော်လည်း ဘ၀အရကား မနှင်းဆီကို လက်ထပ် ရန် မဖြစ်နိုင်တော့သည်ကို ကိုသာကျော်နားလည် သဘောပေါက်ခဲ့ချေပြီ။
(နိဂုံး)
မနက်လင်းတော့ ကိုသာကျော် မနှင်းဆီတို့ အိမ်ကိုသွားပါသည်။ မနှင်းဆီက အိမ်တံခါးကို လာဖွင့်ပေးသည်။ ကိုသာကျော် အိမ်ထဲဝင်ရန် စိတ်မရှိတော့ ။ အသင့်ရေးယူလာသော ကဗျာနှင့် မနှင်းဆီ အမှတ်တရပေးထားခဲ့သော ပစ္စည်းများကို မနှင်းဆီလက်ထဲ ကမ်းပေးရင်း ကိုသာကျော် မနှင်းဆီကို ကျော့ခိုင်းလိုက်ပါသည်။
မနှင်းဆီးရယ်
နင်ကဗမာ
ငါကရခိုင်
မျဉ်းပြိုင်နှစ်ကြောင်း မဆုံကောင်းပါ
ခွင့်လွှတ်ပါတော့ မနှင်းဆီ။ ။
ရိုဟင်ဂျာနာမည်ခံ ဘင်္ဂလီမူဆလင်ပြဿနာနှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲ
ချူလာလင်ကောင် တက္ကသိုလ်၊ဘန်ကောက်၊ ထိုင်းနိုင်ငံ။
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၀၉။
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နိ မွန်းတည့် ၁ နာရီကပင် ညပိုင်း ၄ နာရီထိ ရိုဟင်ဂျာနာမည်ခံ ဘင်္ဂလီမူဆလင်ပြဿနာနှင့်ပတ်သက်လို့ စကားဝိုင်းဆွေးနွေးပွဲကို ချူလာလောင်ကောင်တက္ကသိုလ်မှာ Center for Social Development Studies, Faculty of Political Science, Chulalongkorn University, Thai Allied Committee, With Desegregated Burma Foundation (TACDB), Thai Action Committee For Democracy in Burma, Lawyer Council နန့် Action Network For Migrants ရို့ကကမကထပြုပြီးကေ ကျင်းပခပါရေ။
ဆွေးနွေးပွဲအဓိက ရေရွယ်ချက်တိက ထိုင်းနိုင်ငံမှာရောက်ရှိနီရေ ရိုဟင်ဂျာဘုတ်စီး ဒုက္ခသည်တိ လက်ရှိအနီအထား၊ ရနောင်းမြို့ကိုလားခီရေ အချက်အလက်ရှာဖွီရေးအသင်းကစုဆောင်းရရှိလာရေ သတင်းအချက်အလက်ကို မျှဝီခြင်းနန့်၊ အာရှေး(Aceh )ဒေသအပါအ၀င်၊ ဆက်စပ်နီရေနိုင်ငံတိဘားက ရဟိလာရေသတင်းအချက်အလက်တိကို မျှဝီဖြန့်ဝီခြင်းတိဖြစ်ပါရေ။
ယင်းဆွေးနွေးပွဲကို ဗမာပြည်ရီးရာကျွမ်းကျင်ရေ စာနယ်ဇင်းသမချေ ( Subatra Bhumiprabhas )၊ထိုင်းအမျိုးသားလူ့အခွင့်ရေး ကော်မရှိန် သတင်းအချက်အလက်ရှဖွီရေးအသင်းက ( Ekachai PinKaew )၊ ခွဲခြားမှုကင်းစင်ရေ ဗမာပြည်ဆိုင်ရာထိုင်းမဟာမိတ်ကော်မီတီ (တီအေစီဒီဘီ ဖောင်ဒေးရှိန်း )က ( Thanu Ekchote )၊ နိုင်ငံခြားရီးရာလေ့လာသူ ၀န်ကြီးချုပ်၏လက်ထောက် အထွေထွေအတွင်းရေးမှုးချုပ် Dr. Panitan Wattanayakorn)၊ လူ့အခွင့်ရေးကော်မီတီ-ထိုင်းနိုင်ငံ ရှေ့နီ (Surapong Kongchantuk )၊ ဒုက္ခသည်နန့်ရွှိပြောင်းနီထိုင်သူတိဆိုင်ရာ အမေရိကန်ကော်မီတီက (Veerawit Tianchainan )၊ ထိုင်းနိုင်ငံဆိုင်ရာဗမာပြည်ရိုဟင်ဂျာအသင်း (ဘီအာရ်အေတီ )၊ အပြင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို၊ အာဆီယံသံရုံးတိ၊ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊ ရိုဟင်ဂျာလူ့အခွင့်ရေးအဖွဲ့၊ ဗမာဒုက္ခသည်ကူညီစောင့်ရှောက်ရေးအသင်း၊ တိနန့် တခြားနိုင်ငံတကာစအစိုးရမဟုတ်ရေအဖွဲ့အစည်းတိ၊သတင်းနန့်စာနယ်ဇင်းသမားတိ၊ဘန်ကောက်တက္ကသိုလ်ရခိုင်ကျောင်းသားတိ၊ တသီးပုဂ္ဂလရခိုင့်အမျိုးသားတိ၊ နန့်၊ ဗမာပြည်နိုင်ငံရေးလေ့လာသုံးသပ်သူတိ တက်ရောက်ကတ်ပါရေ။
ထိုင်းနိုင်ငံဌါနဆိုင်ရာလူကြီးတိက အေကိစ္စနန့်ပတ်သတ်လို့ ပြဿနာတိထပ်မကျရောက်နိုင်အောင်အတွက် အလေးပီးဆွေးနွေးကတ်ပြီးကေ၊ မဟီဒေါတက္ကသိုလ်မှာ လူ့အခွင့်အခွင့်ရေးလေ့လာနီရေ စစ်တွေကမူဆလင်အမျိုးသားတစ်ယောက်က ရခိုင်ပြည်မှာ ကုလားသုံးမျိုးရှိကြောင်း၊ ၄င်းပြင် တခြားအခမ်းအနားကိုတက်ရောက်တေ အခြားပုဂ္ဂိုလ်တိကလည်းသိချင်ရေ ကြောင်းအရာတိကို မီးမြန်းလို့ သက်ဆိုင်ရာလူတိက ဖြေကြားခကတ်ပါရေ။
အေဆွေးနွေးပွဲမှာ အဓိက ထူးခြားချက်က ရိုဟင်ဂျာလူမျိုးရေ ဗမာပြည်ထဲမှာ ရှိရေ မရှိရေဆိုရေ သမိုင်းကြောင်းကို အဓိကမဆွေးနွေးဘဲနန့် ယင်းလူမျိုးတိ လူ့အခွင့်ရေးချိုးဖောက်ခံရမှုနန့် ယင်းလူမျိုးတိကို ထိုင်းနိုင်ငံအနေနန့် လူ့အခွင့်ရေးနန့်အမျိုးသားလုံခြုံရေး အကြားအသင့်တော်ဆုံးဖြေရှင်းပီးနိုင်ဖို့နည်းလမ်းတိ၊ တခြားအာစီယံအပါအ၀င်၊ ပြဿနာရင်းမြစ်ဖြစ်တေ ဗမာပြည်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရို့တိနန့်ဆက်လက်လို့ ညှိုနှိုင်းဆောင်ရွက်နိုင်မှုအခြေအနေတိကို ပြောကြားဆွေးနွေးယင်း၊ ညနီ (၄) နာရီမှာ အခမ်းအနားကို ပိတ်လို့အဆုံးသတ်လိုက်ပါရေ။
Arakanese Font launched.
AMP ကတော့လူတိုင်းသိ ကတ်တေ ရခိုင် Social Networking Site တစ်ခုပါ။ ယင်း ဆစ် မှာ အစ်ကိုကြီးတစ်ယောက် ရခိုင် Font တစ်ခု ကို တီထွင်ကာ ချပြထားပါဗျာယ်။ Unicode စနစ်မဟုတ်လို့  Gtalk မှာတော့ စကားပြောလို့ မရသော်လည်း Word ထဲမှာ ရိုက်လို့ ရပါရေ။ ရှေးဟောင်း ရခိုင် အက္ခရာ တစ်ခုကို ယူလို့ ပြုလုပ်ထားစွာ ဖြစ်ပါရေ။ နားလည်အောင်တော့ မနည်း လေ့ကျင့်ယူရပါဖို့ ။ နဂိုကပင် ဗမာ စာ မရိုက်တတ်ကေ တော့ အလုပ်နှစ်ခု ဖြစ်လားပါဖို့ ။ ဇာပဲဖြစ်ဖြစ် တစ်ချက်ချေလောက်တော့ လားလို့ ကြည့်သင့်ပါရေ။ စာလုံးကို ရိုက်ကြည့်လိုက်ကေ တော့ ကျေနပ်မှုဖြစ်ပါလိမ့်မေ။ ကြိုးစားထားရေ လူတစ်ယောက်အတွက် မျိုးချစ်စိတ်နန့် အားပီးသင့်ပါရေ။ Font နာမေကို King Suriya လို့ ပီးထားစွာကို တွိရပါရေ။
http://arakanesemeetingpoint.ning.com/
ဂျတ်လေဒါ အိ မြောက်ဦးခေတ်က ရခိုင်ပြည်
Arakan during the Mrauk U Period: The Political Success of a Buddhist Border States
by
Dr. Jacques P. Leider
နိဒါန်း
ဖယ်ယာ က သူ့ အမြင်နန့်  သင့်တော်ဖို့ ထင်ရေ အချက်အလက်တိကို ရွီးထုတ်ပနာ အနောက်တိုင်း သမိုင်းအရီးအသား ပုံစံခွက် ထဲကို ထည့်ကာ အဆင်ပြေအောင် ရီးခပါရေ။ အဆုံးသတ်ဆိုကေ သူ့ အိ ထင်မြင်ယူဆချက် နန့် သမိုင်းကို ကောက်ချက်ဆွဲမှုတိ စွာ စာဖတ်တေလူတိ ဘာ့ကို အချက်အလက်အနေ နန့် စီးဆင်းလခပါရေ။ နောက်ပြီးကေ မူရင်းစာပါ စာအရီးအသားဆန်းပြားမှု နန့် ပထ၀ီရေး နိုင်ငံရေး အချက်အလက်တိ စွာ ဖယ်ယာ့ အိ စာအုပ်ထဲမှာ ပါမလာ လီခပါရာ။ ခုနက ပြောရေ အချက်အလက် တိကို စိတ်မှာမှတ်သားထားရပါဖို့ ၊ အထူးသဖြင့် ဖယ်ယာ အိ စာကို အဓိက ထားဗနာ ကိုးကားရီးသားကေ စိတ်မှာ သြော်ဒေပိုင် အချက်တိဟိပါရေ လို့ မှတ်ရပါဖို့ ။ နဂိုမူလ ဦးငမဲအိ ရာဇ၀င်ကို မဖတ်ဖူး ရေ လူတိ ကို အဓိက ပြောချင်ပါရေ။
ရခိုင်သမိုင်း နန့် ပတ်သတ်လို့ ရီးထားရေ စာတိကို ကြည့်ကေ များသောအားဖြင့် စနစ်တကျ ထက် စကေ ရှုပ်တေ ပုံရိပ်ကို မြင်ရပိုင်ပါရာ။ ရီးထားခသမျှ စာအုပ်တိ၊ စာတမ်းတိ ကတော့ခါ စာပြုသူများအိ အမြင်သဘောထား ကို အခြေခံထားရ ရေ အတွက် ရိုးရိုးအီအီ ဖြစ်နီရရေ အပြင် ရှင်းလင်းမှုလွန်ကဲနီရေ စာမျိုးတိရာ ဖြစ်နီပါရေ။ ယင်းအတွက်တာ နန့် ရခိုင်သမိုင်းကို စိတ်ဝင်စားလာရရေ။ သုတေသန ပြုဖို့ ခက်ရခြင်း နန့် ပထ၀ီ အနေအထားက ချဉ်းကပ်ပြီးကေ သမိုင်းကို လေ့လာ ဗနာ ရခိုင် အတွက် ဖြစ်တေ သမိုင်းစာပီ ကို ကိုင်တွယ်ဖို့ အတွက် စိတ်ဝင်စားမိရရေ။ အဂု ဒေစာတမ်းမှာ ပါရေ ကောက်နုတ်ချက်တိရေ ရခိုင် အိ အတိတ်ကို သိရှိ နားလည်ဖို့ ကြိုးစားထားရေ အားထုတ်ချက်တိ ဖြစ်တေ။ သုတေသနပြုရသူ အိ အခက်အခဲတိကို ဖြေရှင်းဖို့ ကြိုးစားရခြင်းလည်းဖြစ်တေ။
ဒေစာတမ်း အိ ဒုတိယ ပိုင်းမှာ၊ ရခိုင်သမိုင်း အိ ၁၅ ရာစု ကနီ ၁၇ ရာစု အကုန် နိုင်ငံရေး၊ စစ်ရေး ဖြစ်ပျက်ပြောင်းလဲမှုတိကို တင်ပြထားပါရေ။ ဒေ သမိုင်းအနှစ်ချုပ်ကို ရီးရာမှာ ဗမာ၊ ရခိုင်၊ ပေါ်တူဂီ နန့် ပါရှား သမိုင်းစာတမ်း ကို အခြေခံပြီးကေ ရခိုင်သမိုင်း အိ ရုပ်ပုံလွာ ကို ဆက်စပ်ကြည့်ကာ ရီးပါရေ။ ရခိုင်ဒေသ အတွင်းနန့် နိုင်ငံပြင်ပ က လူမှုစီးပွားရေး လေ့လာချက်များကို လည်း အထူးအလေးထား ပြီးကေ ရီးပါရေ။ ရခိုင်ပြင်ပက လူမှုစီးပွားရေး ဆိုစွာမှာ အိန်ဒိယတိုက်ငယ် နန့် အရှိတောင်အာသျှ ဒေသ ကို ဆိုလို ပါရေ။ ဒေဒုတိယ ပိုင်းက ရခိုင်ဘုရင့်နိုင်ငံသီဝ် ကိုယ့်မင်းကိုယ့်ချင်း နန့် လွတ်လပ်တေ နိုင်ငံဖြစ်ကြောင်းကို ပြပြီးကေ၊ ယင်း အချက်ကို လည်း နိုင်ငံအိ ပထ၀ီ နိုင်ငံရေး နန့် ယိုင်ကျေးမှု အခြေခံ ကို ဂရုထားပြီးကေ နားလည်ရပါရေ။ ရခိုင်အိ ၁၆-၁၇ ရာစု သမိုင်း သီဝ် အိမ်နီးချင်း ဗမာနိုင်ငံက တစ်မင်းတက် တစ်မင်းဆင်း အစိုင်အလာ နန့် ပုံစံ ကွဲပြား မတူခြားနားနီပါရေ။ ဒေစာတမ်းက Harvey အိ အောက်ပါ အဆိုကို စိန်ခေါ်လိုက်ပါရေ။
"Arakan has a separate history" that is "the same in king" [than Burma's].
တောင်အာရှ၊ အရှိတောင်အာရှ၊ ယခုခေတ်လက်ရှိ နိုင်ငံရေး နယ်နိမိတ် စသည်ဖြင့် အခိုင်အမာတည်ဟိပြီးသား၊ ပြတ်ပြတ်သားသား ပုံစံချပြီးသား ဖြစ်တေ သုတေသနလေ့လာမှုဆိုင်ရာ အစိုင်အလာကို ကျော်ဖြတ်ထိုးဖောက်ပြီးကေ ရခိုင်သမိုင်းကို တစိုက်မတ်မတ်ချဉ်းကပ်လေ့လာရပါရေ။ နောက်ပြီးကေ လူမျိုးပေါင်းမြောက်မြားစွာသီဝ် အနောက် အိန်ဒိယ၊ အရှိ ဘင်ဂလာ နန့် မြန်မာနိုင်ငံ အနောက်ပိုင်း အစဟိသီဝ့် တောမြောင်တောင်စွယ် ထူပြောရေ ဒေသမှာ ဖြန့် ကြက်နီထိုင် ကတ်ပါရေ။ ဒေလူမျိုးတိရေ အတိတ်ကာလ က (အဂုလက်ရှိ လေ့သွင့်)နယ်စပ်ဒေသ အဖြစ် ကျနီရေ ဒေသ မှာ နီထိုင်မိခရပါရေ။ အထူးသဖြင့် အရှိ နန့် အနောက်က နိုင်ငံရေး အရေ ပိုပြီးကေ ဗဟိုကျရေ ဒေသ (ဆိုရကေ၊ ဧရာဝတီ အရှိပိုင်းက နိုင်ငံ တိ အရှိဘက်ကို နယ်ချဲ့စွာ၊ မဂိုအင်ပါယာ ကလည်း အရှိဘက်ကို နယ်ချဲ့စွာ ပိုင် ဒေသ) နှင့် နှိုင်းကေ နယ်စပ်ပိုင်ကျရေ ဒေသ မှာ စစောပိုင်းက ပြောခရေ လူမျိုးတိ ဟိနိန် ကတ်ပါရေ။ ဒေပိုင်မျိုး အတွေ့ အကြုံကို ပြန်ဆင်ခြင်သုံးသပ်ရပါဖို့ ။ အီစလမ် နယ်ချဲ့မှု နန့် အီစလမ်ယဉ်ကျေးမှု အရှိဘက်ကို ထိုးဖောက် ၀င်ရောက်လာ ဗနာ နိုင်ငံရေး အခြေခိုင် အနေထိုင် အောင် ကြိုးစားမှုတိကို လေ့ သုံးသပ်ပနာ ဧရာဝတီမြစ် အထက်ပိုင်းက စုစည်းလှုပ်ရှားလာရေ အင်းဝ နိုင်ငံ ကို ၀ါ ဇာပိုင်မျိုး အကျိုးသက်ရောက်ခလေ ဆိုစွာကို ကြည့်ရပါဖို့ ။