ဂနိ ညစာဘက်မှာ သူငယ်ချင်း တစ်ယောက် နန့်  အလာပသလာပ စကားစမြီ ပြောဖြစ်တေ။ သူငယ်ချင်းက ပြောရေ၊ အမေရိကန်မှာ အချေတိ အတွက် ငွေရေး ကြေးရေး ထောက်ပံကြေးပီးရေလတ်။ ယင်းတွက်တာ နန့်  ဒုက္ခသည် အဖြစ်နန့်  အမေရိကန်ကို ပြောင်းလားခကတ်တေ ရခိုင်မိသားစု တစ်စုစွာ သားသမီး နှစ်ယောက် အထောက်ဟိမ့်လို့  ထောက်ပံကြေးယူဗနာ ပေါင်ချေလှုပ်ကာ လီညင်းခံ မျိုင်းနီရေ လို့ ပြောပါရေ။ ယေကေ ကျနော်က မနီနိုင် မိန်းခွန်း လားထုတ် မိရေ၊ ယင်းသူရို့ ယကေ ဘ၀တွက်တာ အလုပ်မလုပ် ကတ်ဗျာယ်လာ လို့ လေး။ အူး... အစွာပိုင်ယောင်...ဖေသာ အလကား ရနီလို့ ဗင် ခါးညောင်းခံဗျာ အလုပ်လုပ်ဖို့ လို သိမ့်လား လို့  ကျနော် ဘော်ဒါ က မျက်နှာကို ရှုံဗျာယ် တွန့် ဗျာယ် ပြန်ပြောရေထော...။
ကျနော် လည်း မထင်မှတ်ဘဲ ကကောင်း စိုင်းစားခန်း ၀င်လားမိပါရေ။ ဖေသာ ဟိမ့်နီကေ အလုပ် မလုပ် ကတ်ဗျာယ်လာ? ထိုင်ပြီးကေ ပေါင်ချေလှုပ်ကာ ထမင်းနှစ်နှစ် ကို အီးအီးသက်သာ ထိုင်စားကတ်ဖို့ ဗျယ်လာ? ဒေမိန်းခွန်းစွာ ကောင်း မိန်းသင့် မိန်းထိုက်တေ မုတ်လားချင့်။ တိုက်တိုက်ဆိုင်ဆိုင်မှာပင် ပြည်တွင်းထုတ် ဂျာနယ် တစ်စောင် မှာ ဂျပန် တိ အကြောင်းကို ရာ လားလို့ မျက်စိကျ ဖတ်မိခီဗျာယ်။ ဂျပန်တိ ဆိုစွာကတော့ သိကတ်တေ အတိုင်း ကမ္ဘာမှာ အလုပ် ကမ္ဘာလောက် လုပ်နိုင်ရေ လို့ နာမေ ထင်ရှား လူသိများရေ။ စာရီးဆရာ ချစ်စံဝင်း ရီးရေ စာအုပ်တစ်အုပ်မှာ ('ဂျပန်လူငယ်တစ်ယောက် အကြောင်း' လို့ ခေါ်ပါ၏) တဗျင်း အလုပ်လုပ်တေ ခသလုံးတုတ် ဂျပန်မ တစ်ယောက် အကြောင်းကို ၀ထုပုံပြင် သဖွေ ပြောပြရီးပြ ထားပါရေ။ (၀ထု သဖွေ ဖြစ်နီရစွာ က အလုပ်သိက္ခာ ကို တန်ဖိုး မထားတတ်ကတ်တေ အရှိတောင်အာရှသားတိ အတွက်ပါရာ)
ထိုး တစ်ရက်နိခါက အလုပ်ရုံ ဆွေးနွေးပွဲတစ်ပွဲမှာ ဂျပန်မ တစ်ယောက် စွာ ဟောပြောသူ အနီနန့်  တက်ရောက်လာ ပါရေလတ်။ ယင်း ဂျပန်မ သည် စင်ထက်ကို ခါးကော့ ရင်မော့ဗနာ တက်လားရေ။ နားထောင်ဖို့  အသင့်စောင့်နီရေ လူတိက တော့ များသောအားဖြင့် မဟာပုရိသ ယောက်ျားသား ဗမာတိုက်ပုံဝတ်တိ ဖြစ်ကတ်ပါလတ်။ ယင်းဂျပန်မ သည် ဇာမပြော ညာမပြော နန့် စင်ထက်ရောက်တေ အခါ ခသလုံး ကို လှန်ပြရေ ဆိုပါဝါ။ သူ့ ခြီသလုံး က ယောက်ျား ခြီသလုံး ပိုင် အကြီးသန်ပါလတ်။ ယေကေ မဟာဗမာတိုက်ပုံဝတ် တိသည် ကောင်းအံအားသင့်လား ကတ်ပါ၏လတ်။ ခသလုံးတုတ် ဂျပန်မ ဂုဏ်ယူစွာ ပြောစွာ က ဂျပန်နိုင်ငံကို ဒေပိုင်မျိုး ခြီသလုံးပေါင်း မြောက်မြားစွာ နန့် တည်ဆောက်ထားပါရေလတ်။
နားမရှင်း ကတ်တေ လူတိအတွက် အနှီ ဂျပန်မ က ထပ်လို့ ရှင်းပြပါ၏တည်း။ ယင်း ဂျပန်မရေ ဘေဘီဘုန်မာ လက်ထက်က အရောင်းစာရေး ဖြစ်ခရေ လို့ ပြောပါရေ။ (ဘေဘီဘုန်မာ Baby boomer ဆိုစွာ က ဒုတိယ ကမ္ဘာစစ်ပြန်တိ မွီးထုတ်ပီးလိုက်တေ အင်မတိ အင်မတန်များပြားရေ လူသားမျိုးဆက်တစ်ခု ဖြစ်တေ။) သူအရောင်းစာရေး ဖြစ်ခါက ရှစ်နာရီ ဒေါက်လျှောက် လုံးဝ မထိုင်ဘဲ အလုပ်လုပ်တေ အတွက်တာ နန့် သူ့ ခြီသလုံး အဂုပိုင် ကြီးနီရခြင်း ဖြစ်တေလို့ ပြောပါရေ။ ချရှင်းချေ ပြောစွာက တော့ ဂျပန်တိ စွာ ရခိုင်၊ ဗမာ လူမျိုး နန့် မတူအောင် အလုပ်လုပ်တေ လို့ ပြောစွာပါရာလေး။
ကျနော် သည် ကား ရခိုင်လူမျိုးကို သိက္ခာချဖြို့ မရီရွေပါ။ ရခိုင်လူမျိုးမှာ ထားရေ အလုပ်သိက္ခာ စိတ်ဓာတ်သည် တခြား အရှိတောင်အာရှသား တိ နန့် ကောင်းမကွာပါ။ လောကမှာနီထိုင်ရေး ကို အလွယ်ချေ တွက်တတ်တေ လူမျိုးတိ ထဲမှာ ပါနီပါရေ။ ထမင်းနှစ်ထပ်စားဗနာ အီးအီးချမ်းချမ်း နီရကေ တော်ရာ နင်းရာဝေး ဆိုပြီးကေ မိဘတိ ပြောကတ်တေ စကားကို ကြားဖူးကတ်ပါဖို့ ။ ယင်းဓလေ့ စရိုက်တိသည် ကျနော်ရို့  နှလုံးသားမှာ စွဲဝင်နီ သဖြင့် ထုတ်ရခက်သည်။ နုတ်ရခက်ပါသည်။ လှုပ်ရခက်သည်။ ဖြုတ်ရခက်ပါသည်။
ဓလေ့ရိုးရာ အတွေးအခေါ်က သင်ပီးစွာက လူများချမ်းသာကေ မုတိတာ ပွားပီး။ သူရို့ အတိတ်ကံ ကြောင့်ချမ်းသာစွာ မိစ္ဆိရ စိတ်မပွားကေ့။ ဇာလေးချင့် စကားတလုံး မိစ္ဆိရစိတ်။ မနာလို ၀န်တိုစိတ်၊ သ၀န်တို ရန်လိုစိတ် တစ်မျိုးပါ။ နောက်ပြီးကေ နားဝင်အောင် နားချသိမ့်ရေ - ဟိစွာချေနန့် ရောင့်ရဲဝေ စိတ်ချမ်းသာဖို့  အရေးကြီးရေ၊ လူချမ်းသာဖို့ မလိုလတ်။ မမှန်လို့ က မပြောလိုပါ။ မငြင်းလိုပါ။ မကောင်းလို့ လည်း မတွေးချင်ပါ။
လေကကြီးမှာ တစ်ခြားလူမျိုးတိ က ကိုယ်ချမ်းသာလို့  ကြီးပွားနီကတ်တေ။ လူချမ်းသာလို့  ထင်ပေါ်နီကတ်တေ။ ငါရို့ ရခိုင်လူမျိုးကား စိတ်ချမ်းသာ ခြင်းမှာ နစ်မြုပ်နီကတ်လို့  ကိုယ်မချမ်းသာ ဖြစ်နီကတ်ရရေလား။ ဘုရားရှင်က မဇ္ဖိမ္မ ပတိပတာ လို့ ဟောဖူးရေ လို့ မှတ်သားဖူးပါရေ။ အလယ်အလတ်လမ်းဆိုစွာ က ထိုဖက်ဒေဖက်ကို နှိုင်းယှဉ်ရပါရေ။ စိတ်ချမ်းသာမှု အစွန်းက တစ်ဖက်၊ ကိုယ်ချမ်းသာမှု အစွန်းက တစ်ဖက်၊ နှစ်ဖက်ဟိစွာမှာ အလယ်မှာ နီရပါဖို့ ။ သို့ သော် ယင်းအလယ်နေရာ ဇာမှာလေ ဆိုစွာ သတိတမန် ဥာဏ်မြေကတုတ် အမြဲကြိုးကုတ် အားထုတ် ရှာဖွေ နီရပါဖို့ ။ ဥပမာ ပြပါမည်။ ၁၂ လက်မ ဟိမ့်ရေ ပေတံ တစ်ချောင်းမှာ အလယ်က ဇာလေ။ ၆ လက်မ မဟုတ်လား။ ယင်းပေတံ၏ တစ်လက်မစွန်းကို စိတ်ချမ်းသာမှု နေပယ်လို့ သဘောထား၊ ၁၂ လက်မစွန်းကို ကိုယ်ချမ်းသာမှု လို့ သဘောထား။ ဗုဒ္ဒဘာသာ ကျနော်ရို့ ၆ လက်မနီရာမှာ နီကတ်ပါဖို့ ။
ကောင်းဗျာယ်။ ကျနော်ရို့  ယင်းနေရာမှာ နီနီကတ်တေ။ သို့ သော် ကိုယ်ချမ်းသာမှု ဆိုရေ ၁၂ လက်မစွန်းက ရှည်ထွက်လခ ပနာ ၂၄ လက်မ ပေတံဖြစ်လားရေ။ သို့ သော် ကျနော်ရို့ က ၆ လက်မ နီရာမှာ နီတုန်းသိမ့်။ ၂၄ လက်မ ကနီ ၃၆ လက်မ ဖြစ်လခကေလေ့သော့် ကျနော်ရို့ က ၆ လက်မ နီရာမှာ နီကတ်တုန်းသိမ့်။ ဇာလောက် အထိ ကျနော်ရို့ ၆ လက်မ နီရာမှာ နီကတ်ဖို့ လေး။ ဇာအချိန်ထိ နီကတ်ဖို့ ယင်းနီရမှာ။
ကျနော်ရို့ ၏နီရာ အလယ်အလတ်သည် ထိုဖက်အစွန်းက ရှည်ထွက်နီ သရွေ့ တခါလေ့ တည်မြဲသော အလယ်အလတ် မဖြစ်နိုင်ပါ။ အလယ်အလတ်သည် ပြောင်းနီပါသည်။ ၃၆ လက်မ ပေတံ အတွက် အလယ်အလတ် သည် ၁၈ လက်မ နီရာ ဖြစ်ပါဖို့ ။ ၆ လက်မ နီရာ မဟုတ်ပါရာ။ ယင်းတွက်တာ နန့် အဆုံးသတ်ကြည့်ကတ်ဖို့  ဆိုကေ ကျနော်ရို့ သည် လှုပ်ရှားရုန်းကန်နီသော ကမ္ဘာကြီးမှာ ၀င်ဆန့် အောင် အမြဲတမ်းရုန်းကန် နီကတ်ရပါဖို့ ။
အလုပ်သိက္ခာ နန့် ပတ်သက်လို့  ခိုင်မြဲရေ အတွေးအခ်ါတစ်ခု ချလို့ အလုပ်လုပ်ရပါဖို့ ။ ကိုယ်လုပ်တေ အလုပ်မပြီးကေ ရှက်တတ်ရဖို့ ။ အလုပ်တာဝန်မယူနိုင်ကေ လူတောထဲကို မတိုးချင်ရေ စိတ်မျိုးထားရဖို့ ။ အလုပ်မလုပ်ဘဲ ထမင်းမစားချင်ရေ စိတ်မျိုး မွီးမြူရဖို့ ။ ယေမှရာ ကျနော်ရို့ လူမျိုးသည် တခြားလူမျိုး နန့် ယှဉ်နိုင်ပါဖို့ ။

ဂကောင်း ကောင်းရယ် အတွေးအခေါ်တိပါ။ ရခိုင်သူ/သားတိုင်း အေပိုင်နီနိုင်ကတ်ကေ တစ်နီတစ်ရက်မှာ အဖ ရခိုင်ပြည်ကို ကိုယ်ပိုင်ပြန်အုပ်ချုပ် နိုင်ဖို့လို့ထင်ပါရယ်။ ရခိုင် လူမျိုးတိမှာ အရည်အချင်းရှိပါရယ်။ ယေကေလေ့ အဆင့်မြင့် ပညာရေး လေ့လာလိုက်စားဖို့နှင့် အောင်မြင်ရယ် စီးပွါးရေး ဖြစ်ထွန်းဖို့ အကန့်အသတ်တိ ရှိပါလို့ ခံယူချက်တိ ကွဲလွဲ နီကတ်စွာပါရာ။ တစ်ယောက်ချင်းစီ ပြောင်းနိုင်မှ တစ်မျိုးသားလုံး ပြောင်းနိုင်ပါဖို့။
ReplyDeleteI totally agree with u. To survive as a society, we must have a good work ethic.
ReplyDeleteအလုပ်သိက္ခာ နန့် ပတ်သက်လို့  ခိုင်မြဲရေ အတွေးအခ်ါတစ်ခု ချလို့ အလုပ်လုပ်ရပါဖို့ ။ ကိုယ်လုပ်တေ အလုပ်မပြီးကေ ရှက်တတ်ရဖို့ ။ အလုပ်တာဝန်မယူနိုင်ကေ လူတောထဲကို မတိုးချင်ရေ စိတ်မျိုးထားရဖို့ ။ အလုပ်မလုပ်ဘဲ ထမင်းမစားချင်ရေ စိတ်မျိုး မွီးမြူရဖို့ ။
Great work.. Keep it up!
အကိုပြောစွာမှန်ရေ
ReplyDelete