Allegory of the Cave


ပလေတို အိ Allegory of the Cave သီဝ် ဖတ်ရလွေသော်လေ့သွင့် စိုင်းစားစရာ ကောင်းများပါသီဝ်။ ပထမအူးစွာ Allegory ဆိုစွာ ဇာပြောစွာလေလို့ ဆန်းစစ်ရပါသီဝ်။ Allegory ဆိုစွာ အကြမ်းဖျင်းဆိုကေ ပုံ ၀ထုချေ တစ်ပုဒ် ဖြစ်ပါအိ။ ပုံ ၀ထုချေဆိုသော်လေ့ ပြင်ပလောကမှာ ဟိမ့်ရေ အကြောင်းအရာကို ယူပြီးကေ ၀ထုထေးမှာ ပုံပမာ ဆင်ရီးသားထားခြင်း ဖြစ်ပါသီဝ်။ ပလေတိုသီဝ် ဂူတစ်ခုကို ပုံပမာဆင်ကာ ရီးပါသီဝ်။ ဂူထဲမှာ လူတိကိုချုပ်နှောင်ထားပါသီဝ်။ ယင်းလူတိကို နံရံတစ်ခု ကိုမျက်နှာမူခိုင်းထားပါသီဝ်။ နောက်ကိုလေ့သွင့် လေ့ကြည့်လို့ မရအောင် ပျင်ထားပါသည်။ ယင်းသူရို့ နောက်မှာ မီးပုံ တစ်ခုကို ထားဟိမ့်ပါသီဝ်။ မီးပံနန့် လူတိကြားမှာ လမ်းတစ်ခု၊ နောက်ပြီးကေ စင်နိမ့်တစ်ခု ဟိမ့်ပါအိလတ်။ ပုံကိုမြင်သာအောင်လို့  စာဘေးမှာပြပီးထားပါသီဝ်။
မီးပုံ နန့် လူတိကြားမှာ တစ်ခြားလူတိ ဖြတ်လားဖြတ်လာ လားကတ်လာကတ်တေ အခါ ချုပ်နှောင်ခံထားရရေ လူတိသီဝ် နံရံမှာအရိပ်တိကို မြင်ရပါအိ။ ယေခါ အကျဉ်းသားများသီဝ် နံရံက ပံရိပ်တိကို ကြည့်ပြီးခါ နာမေတိတပ်ပြီးကေ ယင်းပုံရိပ်တိကို အဂေါင်းလောကလို့ မြင်ကတ်ပါရေလတ်။ ဇာဖြစ်လို့ လေး ဆိုကေ သူရို့ ကို တစ်ဦးဦးက မွီးခါကပင် ထာဝရ ချုပ်နှောင် ထားလို့ ဖြစ်ပါရေ။ ဂူအပြင်မှာ ဟိမ့်ရေ နီ နန့် လောက ကို သူရို့ မမြင်ဖူးကတ်ပါလတ်။
ဒေဟင့်သီဝ် ပင် ပလေတိုအိ Allegory of the Cave အနှစ်ချုပ် ဖြစ်ပါရေ။
ဆိုကေ အကျဉ်းသားထဲက တစ်ယောက်ယောက်ကိုရာ လွတ်ပြီးကေ အပြင်လောက ကို ကြည့်လို့ ရအောင် ခေါ်လားကေ ယင်းအကျဉ်းသားသီဝ် ၀မ်းနေး နာကျင်မှုကို ခံစားရပါဖို့ ။ မနာမကျင်ပဲ နီပါဖို့ လား။ သူ့ ဘ၀ တစ်လျှောက်လုံး နံရံက အရိပ်ကို အဂေါင့်လို့ ထင်လာခရပါရေ။ နံရံမှာ မြင်ခရရေ လူရိပ်ကို အဂေါင့်လူလို့  တစ်သက်လုံး ထင်ခရပါရေ။ ဘ၀တစ်လျှောက်လုံး အမြင်မှားတိကို ဆုပ်ကိုင်ခရသူပါ။ ယင်းလူသီဝ် အချုပ်အနှာင်ထေး ကို ပြန်လာချင်ပါဖို့ သိမ့်လား။ သို့ သော် ယင်းအကျဉ်းသားသီဝ် သူ့ သငယ်ချင်းတိ အတွက်လေး ၀မ်းမနည်း ပဲ ဟိမ့်ပါဖို့ လား။
ယင်းလွတ်မြောက်လခရေ အကျဉ်းသားသီဝ် ဂူထဲကို ပြန်ပြီးကေ သူ့ သငယ်ချင်းတိ ကို အဖြစ်အပျက်ကို ပြောပြကေ သူ့ သငယ်ချင်းတိက သူ့ ကို လရူး လို့ ထင်ကတ်ပါသီဝ်။ ဇာဖြစ်လို့ လေး။ ရှင်းပါရေ။ သူ့ ရို့ ကား အလင်းရောင် အစစ်ကို အမြင်ဖူး ပါ။
Allegory ဆိုစွာ Metaphor ချေ တစ်ခုပါ။ ပုံမမာ တင်စားရေလို့ ရခိုင်စကားနန့် အလွယ်တကူ ပြောကတ်ပါဖို့ ။ ပလေတို အိ ဒေပုံဝထု ကို "ကဘာ" မှာ ဟိမ့်ရေ ဖလော်ဆောဖီအတန်းတိုင်းလို လို မှာ သင်ကြားကတ်ရပါအိ လို့ ပြောကတ်ပါသီဝ်။ ဒေပုံဝထုကို ပညာသျှင် အမျိုးမျိုးက အဓိတ်ပေ အမျိုးမျိုး နန့် စိုင်းစားတွေးခေါ်ခကတ်တေလို့ လေးပြောပါရေ။
ကိုယ်ရို့ လည်းတွေးကြည့်ကတ်ပါ။
ကျေးဇူး
မောင်းစိုင်းစား

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP